မန်ချက်စတာယူနိုက်တက် အေစီမီလန် ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ အယ်အေဂလက်ဆီ အစရှိတဲ့ အသင်းပေါင်းများစွာမှာ ပါဝင်ကစားခဲ့ဖူးပြီးတော့ ဖြတ်တင်ဘောတွေ ဖရီးကစ်တွေနဲ့ အဝေးကန်ချက်တွေ ကန်သွင်းရမှာ အရမ်းကို တိကျသေသပ်လွန်းတဲ့ ဒေးဗစ်ဘက်ခမ်းကတော့ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာ အင်တာမိုင်ယာမီဆိုတဲ့ အသင်းသစ်တစ်သင်းကို တည်ထောင်ခဲ့ပြီး အဲ့ဒီအသင်းမှာ တခြားရှယ်ယာရှင်တွေနဲ့အတူ ပူးတွဲပိုင်ရှင်အဖြစ် ဆောင်ရွှက်လျက်ရှိနေပါတယ်။

ဒေးဗစ်ဘက်ခမ်းတည်ထောင်လိုက်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဒီနေ့ မတ်လ၃ရက်နေ့မှာ သူတို့အသင်း သမိုင်းတလျှောက် ပထမဆုံးသော မေဂျာလိဂ်အမှတ်ပေးပွဲစဉ်အဖြစ် မေဂျာလိဂ်ရဲ့ နာမည်ကျော်အသင်းကြိးတစ်သင်းဖြစ်တဲ့ လော့အိန်ဂျယ်လိစ်အက်စ်စီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုံးပွဲမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ လော့အိန်ဂျယ်လိစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ သူတို့အသင်းရဲ့ အမာခံတိုက်စစ်မှူးဖြစ်တဲ့ ကားလို့စ်ဗီလာက ပထမပိုင်းပြီးခါနီး ၄၄မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက်၃၁နှစ်အရွှယ်ရှိပြီြဖြစ်တဲဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဗီလာက မေဂျာလိဂ်ကို ပြောင်းရွှေ့လာကတည်းက နှစ်တိုင်းလိုလို သွင်းဂိုးတွေများစွာကို ရယူနိုင်ခဲ့ပြီး မေဂျာလိဂ်ရွှေဖိနပ်ဆုနဲ့ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုတွေကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလည်း ၂၀၂၀ ဘောလုံးရာသီအစမှာပဲ သူရဲဲ့အသင်း နိုင်ပွဲရယူနိုင်အောင် သူရဲ့အလန်းစားသွင်းဂိုးနဲ့ ကူညီပေးသွားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၄မိနစ်မှာ မက္ကဆီကိုတိုက်စစ်မှူးဗီလာက တစ်ဦးတည်းမွှေနှောက်ပြီး အင်တာမိုင်ယာမီနောက်ခံလူတွေကို ကျော်ဖြတ်ကာ ဂိုးသမားကိုကျော်ပြီး သွင်းဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ လော့အိန်ဂျယ်လိစ်အသင်းက အသာစီးကစားနိုင်ခဲ့ပေမယ့် အင်တာမိုင်ယာမီကလည်း လော့အိန်ဂျယ်လိစ်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုများစွာ ပြန်လည်ပြုလုပ်နိုင်ခဲ့သလို ရလဒ်ဆိုးခဲ့ပေမယ့် ခြေစွမ်းပိုင်းသိပ်မကွာအောင် ကစားပြနိုင်ခဲ့ပါတယ်။