ဘောလုံးလောကရဲ့ GOAT ကြီး လီယွန်နယ်မက်ဆီ နည်းပြလီယွန်နယ်စကာလိုနီတို့ရဲ့ ဦးဆောင်မှုတွေအတူ အာဂျင်တီးနားလက်ရွေးစင် ဘောလုံးအသင်းဟာ နောက်ပိုင်းနှစ်တွေအတွင်း ရလဒ်ပိုင်းမှာရော ခြေစွမ်းပိုင်းမှာပါ တိုးတတ်ကောင်းမွန်လာခဲ့သလို ဆုဖလားတွေပါ သိမ်းပိုက်လာနိုင်ခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်လာနိုင်မယ့် အခွင့်အရေးမျိုး ရှိနေတယ်လို့ အာဂျင်တီးနား ကစားသမားဟောင်း ကားလို့စ်တီဗက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။

Argentina se da un baño de prestigio al ganar la Finalissima ante Italia

Photo Credit : MSN

အာဂျင်တီးနားအသင်းဟာ ပိုလန် မက္ကဆီကို ဆော်ဒီအာရေဗျအသင်းတွေနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(C)မှာ အတူကျရောက်နေတာဖြစ်ပြီး ဒီပြိုင်ပွဲကြီး မတိုင်ခင်မှာလည်း ဥရောပချန်ပီယံ အီတလီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တောင်အမေရိကချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ ဗိုလ်လုရတဲ့ Finalissima ပွဲစဉ်မှာလည်း အီတလီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့သလို ၂၀၂၁ခုနှစ်ရဲ့ ကိုပါအမေရိကချန်ပီယံပါ ဖြစ်ထားခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားအသင်းဟာ နည်းပြစကာလိုနီလက်အောက်မှာ ပြိုင်ပွဲစုံ (၃၂)ပွဲဆက်တိုက် လုံးဝကို ရှံးပွဲမရှိသေးတာကြောင့်လည်း အာဂျင်တီးနားကို လာမယ့် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေ ရှိနေတယ်လို့ လူအများက သတ်မှတ်လာကြပါတယ်။

Photo Credit : Goal

ဒီလို ယူဆနေကြသူတွေထဲမှာ အာဂျင်တီးနား ကစားသမားဟောင်းကြီး တီဗက်ဇ်ပါ ပါဝင်လို့နေပြီး သူရဲ့အသင်းဖော်ဟောင်း မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားကို ယူဆောင်ပေးနိုင်ဖို့ အခြေအနေကောင်းနေပြီလို့ ပြောဆိုလာခဲ့ပါတယ်။ တီဗက်ဇ်က “လီယွန်နယ်မက်ဆီ ကာတာမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်န်ိုင်ခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းပျော်သွားလိမ့်မယ်။ အသင်းသားတွေကိုလည်း အရမ်းစည်းလုံးတယ်လို့ မြင်မိပါတယ်။ သူတို့ အတူတူ အပန်းဖြေခရီးတွေ သွားနေကြတယ်။ ဒါက ပုံမှန်အတိုင်းလေး မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဖလားကို ကိုင်မြှောက်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နေပါတယ်” လို့ ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။ တီဗက်ဇ်ရဲ့ အသင်းဖော် မက်ဆီကလည်း Finalissima အောင်ပွဲပြီးနောက်မှာ သူရဲ့ကစားသမားဘဝအတွင်းမှာ တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ ကမ္ဘာ့ဖလားကို ရယူသွားချင်နေပြီး ဒီပြိုင်ပွဲကလည်း မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်တာမို့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ရဖို့အတွက် အားကုန်ထုတ်လာဖွယ် ရှိနေပါတယ်။