ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ တခြားသော ကစားသမားတွေထက် ထူးခြားမှုရှိပြီး အလွန် ကြိုးစားအားထုတ်တဲ့ ကစားသမားတစ်ယောက်ပါလို့ ရော်နယ်လ်ဒိုနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ကားလို့အန်စလော့တီက ချီးမွမ်းပြောဆိုလိုက်ပါတယ်။

Manchester United and Cristiano Ronaldo agree to end his contract

Photo Credit : Yahoo! Sports

လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွဲနေတဲ့ ရော်နယ်လ်ဒိုဟာ တောင်ကိုရီးယားအသင်းနဲ့ ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် သူရဲ့အပြုအမှုတွေကြောင့် ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ကြားမှာ မပြေလည်မှုတွေ ရှိထားခဲ့ရသလို ဆန်းတို့စ်ကလည်း ဆွစ်ဇာလန်နဲ့ ကစားရတဲ့ (၁၆)သင်းအဆင့် ရှံးထွက်ပွဲမှာပါ ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။ ဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့နေရတဲ့ ရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲနေတဲ့ ပေါ်တူဂီအသင်းကနေ ထွက်ခွာသွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းဖော်ပြလာခဲ့သေးတာကြောင့် ဒီကောလဟာလတွေကို ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကပါ လိုက်လံ ဖြေရှင်းခဲ့ရပါသေးတယ်။

Photo Credit : Eurosport

ဒါ့အပြင် ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး ၂၀၁၃ကနေ ၂၀၁၅ခုနှစ်အထိ ရီးယဲလ်အသင်းမှာ ရော်နယ်လ်ဒိုနဲ့ လက်တွဲ့ဖူးသူ နည်းပြကြီး အန်စလော့တီက “ရော်နယ်လ်ဒိုက ခုထိကို အဆင်ပြေပြေ ရှိနေတာကြောင့် အသက်(၂၀)အရွှယ်ကလိုမျိုး ခံစားမိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ သူရှာနေတဲ့ အဖြေတွေရှိတယ်။ ကစားသမားတွေကြားမှာလည်း ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာပါပြီ။ ကျွန်တော်က သူ့ကို နှစ်နှစ်ကြာအောင် နည်းပြခဲ့ပြီး ဘာပြသာနာမှလည်း မရှိခဲ့ပါဘူး။ တကယ်တော့ သူက ကျွန်တော့်အတွက်တောင် ဖြေရှင်းပေးနိုင်ခဲ့သေးတာ။ သူက ကောင်းကောင်း လေ့ကျင့်တယ်။ အသေးစိတ်အစ အာရုံစိုက်ထားတယ်။ ဒါကြောင့် သူ့ကို စီမံခန့်ခွဲရတာက အရာရာ လွယ်ကူချောမွေ့ပါတယ်။ သူက တကယ်ကို ထူးခြားတဲ့ ကစားသမားတစ်ဦးပါ” လို့ ချီးမွမ်းစကားဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ကောလဟာလတွေ ထွက်ပေါ်နေသလို ရော်နယ်လ်ဒိုက ပြသာနာတွေကို ဖန်တီးတတ်တဲ့ ကစားသမားမျိုး မဟုတ်ပေမယ့်လည်း သူ ကိုယ်တိုင်က ပွဲတိုင်းမှာ ပါဝင်ကစားပြီး သူ့အသင်းအတွက် အကောင်းဆုံး လုပ်ပြပေးချင်တဲ့ စိတ်ထားတွေကြောင့်သာ ပါဝင်ခွင့်မရတိုင်း ဒါမှမဟုတ် လူစားလဲခံရတိုင်းမှာ မကျေမနပ် ပြုမှုနေတတ်တာ ဖြစ်ပါတယ်။