ပရီးမီးယားလိဂ္ၿပိဳင္ပြဲကုိ တစ္ပတ္ခန္႔ ရပ္နားထားၿပီးတဲ႔ေနာက္မွာ အက္ေအဖလားၿပိဳင္ပြဲရဲ႕တတိယအဆင့္ပြဲစဥ္ေတြကုိ ၿပီးခဲ႔တဲ႔ စေနတနဂၤေႏြေန႔ေတြမွာ က်င္းပခဲဲ႔ၿပီး အသင္းႀကီးေတာ္ေတာ္မ်ားမ်ား ေနာက္တစ္ဆင့္ကုိ တတ္လွမ္းႏုိင္ခဲ႔ရပါတယ္။ အက္ေအဖလားၿပိဳင္ပြဲအၿပီး ဒီၾကားရက္အတြင္းမွာ ခါရာေဘာင္းဖလား လိဂ္ဖလားၿပိဳင္ပြဲ ဆီမီးဖုိင္နယ္ကုိ ဆက္လက္က်င္းပဦးမွာျဖစ္ကာ စိတ္ဝင္စားစရာ ထိပ္တုိက္ေတြ႕ဆုံမႈေတြ ပါဝင္ေနတာျဖစ္လုိ႔ ဒီပြဲေတြအေၾကာင္းကုိ ပြဲႀကိဳသုံးသပ္ခ်က္အျဖစ္ တင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္ နဲ႔ မန္စီးတီး (ယေန႔ည၂နာရီခြဲ)

ယူႏုိက္တက္အသင္းကေတာ့ ဝုလ္ဗ္ကုိ အက္ေအဖလားၿပိဳင္ပြဲအတြင္း သေရက်ခဲ႔လုိ႔ ဒီဇန္နဝါရီလမွာ ပြဲက်ပ္ေတြကုိ ေတာက္ေလွ်ာက္ရင္ဆုိင္ရေတာ့မွာျဖစ္သလုိ အခုလည္း ၿမိဳ႕ခံဒါဘီအသင္း မန္စီးတီးနဲ႔ ႏွစ္ပတ္အတြင္း ႏွစ္ႀကိမ္တုိင္တုိင္ ျဖတ္ေက်ာ္ရပါေတာ့မယ္။ ဒီဖလားက အသင္းႏွစ္သင္းလုံးအတြက္ ဒီရာသီအတြင္း ျဖစ္ႏုိင္ေခ်အရွိဆုံးေသာ ဖလားၿပိဳင္ပြဲျဖစ္ေနတာေၾကာင့္ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ၾကမွာ ေသခ်ာသေလာက္ရွိေနၿပီး ၂ဂုိးျပတ္သြင္းယူႏုိင္မွ အျပည့္အဝ ေအာင္ပြဲခံႏုိင္မယ့္ ဧည့္သည္မန္စီးတီးထက္ ေကာင္တာတုိက္စစ္ေတြနဲ႔ မန္စီးတီးရဲ႕အားနည္းလွတဲ႔ ခံစစ္ကုိ အႏၱရာယ္ေပးႏုိင္တဲ႔ အိမ္ရွင္အသင္းကုိပဲ ေရြးခ်ယ္ထားခ်င္ပါတယ္။ ဒါေပမယ့္ ရလဒ္အရေတာ့ မန္စီးတီးတုိ႔ အနိမ့္ဆုံးသေရရေအာင္ ကစားႏုိင္ပါလိမ့္မယ္။

Photo Credit : Getty Images

လက္စတာ နဲဲ႔ အက္စတြန္ဗီလာ (မနက္ျဖန္ည၂နာရီခြဲ)

လက္စတာက ပရီးမီးယားလိဂ္မွာ အဆင့္ေကာင္းတစ္ခုနဲ႔ ရာသီသိမ္းဖုိ႔ အေျခအေနေကာင္းေနသလုိ ျပည္တြင္းရွံးထြက္ဖလားေတြမွာလည္း အေနအထားေကာင္းတစ္ခုကုိ ဆက္လက္ပုိင္ဆုိင္ဖုိ႔ ႀကိဳးစားလ်က္ရွိေနပါတယ္။ အခုလည္း လိဂ္ဖလားမွာ ဆီမီးအထိ ေရာက္ရွိေနတဲ့အျပင္ အသင္း၄သင္းလုံးမွာ အားအနည္းဆုံးအသင္းျဖစ္တဲ႔ ဗီလာနဲဲ႔ ဆုံေတြ႕ေနတာျဖစ္သလုိ ဗီလာကလည္း ပရီးမီးယားလိဂ္ တန္းဆင္းဇုန္မွာ ရုန္းကန္ေနရတာေၾကာင့္ ဒီပြဲမွာ အိမ္ရွင္လက္စတာ ဂုိးျပတ္အႏုိင္ရဖုိ႔ အေျခအေနမ်ားလုိ႔ေနပါတယ္။

(Unicode)

လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲများအပေါ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ပတ်ခန့် ရပ်နားထားပြီးတဲ့နောက်မှာ အက်အေဖလားပြိုင်ပွဲရဲ့တတိယအဆင့်ပွဲစဉ်တွေကို ပြီးခဲ့တဲ့ စနေတနင်္ဂနွေနေ့တွေမှာ ကျင်းပခဲဲ့ပြီး အသင်းကြီးတော်တော်များများ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။ အက်အေဖလားပြိုင်ပွဲအပြီး ဒီကြားရက်အတွင်းမှာ ခါရာဘောင်းဖလား လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ဆက်လက်ကျင်းပဦးမှာဖြစ်ကာ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေအကြောင်းကို ပွဲကြိုသုံးသပ်ချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက် နဲ့ မန်စီးတီး (ယနေ့ည၂နာရီခွဲ)

ယူနိုက်တက်အသင်းကတော့ ဝုလ်ဗ်ကို အက်အေဖလားပြိုင်ပွဲအတွင်း သရေကျခဲ့လို့ ဒီဇန်နဝါရီလမှာ ပွဲကျပ်တွေကို တောက်လျှောက်ရင်ဆိုင်ရတော့မှာဖြစ်သလို အခုလည်း မြို့ခံဒါဘီအသင်း မန်စီးတီးနဲ့ နှစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ရပါတော့မယ်။ ဒီဖလားက အသင်းနှစ်သင်းလုံးအတွက် ဒီရာသီအတွင်း ဖြစ်နိုင်ချေအရှိဆုံးသော ဖလားပြိုင်ပွဲဖြစ်နေတာကြောင့် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမှာ သေချာသလောက်ရှိနေပြီး ၂ဂိုးပြတ်သွင်းယူနိုင်မှ အပြည့်အဝ အောင်ပွဲခံနိုင်မယ့် ဧည့်သည်မန်စီးတီးထက် ကောင်တာတိုက်စစ်တွေနဲ့ မန်စီးတီးရဲ့အားနည်းလှတဲ့ ခံစစ်ကို အန္တရာယ်ပေးနိုင်တဲ့ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။ ဒါပေမယ့် ရလဒ်အရတော့ မန်စီးတီးတို့ အနိမ့်ဆုံးသရေရအောင် ကစားနိုင်ပါလိမ့်မယ်။

Photo Credit : Getty Images

လက်စတာ နဲဲ့ အက်စတွန်ဗီလာ (မနက်ဖြန်ည၂နာရီခွဲ)

လက်စတာက ပရီးမီးယားလိဂ်မှာ အဆင့်ကောင်းတစ်ခုနဲ့ ရာသီသိမ်းဖို့ အခြေအနေကောင်းနေသလို ပြည်တွင်းရှံးထွက်ဖလားတွေမှာလည်း အနေအထားကောင်းတစ်ခုကို ဆက်လက်ပိုင်ဆိုင်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။ အခုလည်း လိဂ်ဖလားမှာ ဆီမီးအထိ ရောက်ရှိနေတဲ့အပြင် အသင်း၄သင်းလုံးမှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ဗီလာနဲဲ့ ဆုံတွေ့နေတာဖြစ်သလို ဗီလာကလည်း ပရီးမီးယားလိဂ် တန်းဆင်းဇုန်မှာ ရုန်းကန်နေရတာကြောင့် ဒီပွဲမှာ အိမ်ရှင်လက်စတာ ဂိုးပြတ်အနိုင်ရဖို့ အခြေအနေများလို့နေပါတယ်။