MySport Myanmar

အေစီမီလန်အသင်းဆီ ရောက်ရှိတော့မယ့် ကပ္ပတိန် အမေရိက ပူလီဆစ်

ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် တိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ်ဟာ လက်ရှိမှာတော့ အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဆီကို ရောက်ရှိဖို့ အလွန်ကို နီးစပ်လျက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Fabrizo Romano

  ပူလီဆစ်ဟာ ချယ်လ်ဆီးအသင်းမှာ အနာဂတ် အခြေအနေတွေ မရေမရာ ဖြစ်လာခဲ့ပြီးနောက် ဒီနှစ် နွေဈေးကွက်ထဲမှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်လျက် ရှိနေရာ သူ့ကို လီဂူးကလပ် လိုင်ယွန်အသင်း နဲ့ အေစီမီလန်အသင်းတို့ အပြိုင် ကမ်းလှမ်းထားကြပေမယ့် ကစားသမားကိုယ်တိုင်က သူ့ကို ပြောင်းရွှေ့ကြေး ပိုမို ကမ်းလှမ်းထားတဲ့ လိုင်ယွန်ထက် မီလန်ကိုသာ ရွေးချယ်သွားချင်နေပါတယ်။ ဒါကြောင့် မီလန်ကလည်း သူတို့အသင်းဆီ ရောက်လာချင်နေတဲ့ ပူလီဆစ်အတွက် ပြောင်းရွှေ့ကြေးပါ တိုးမြှင့် ကမ်းလှမ်းလာခဲ့ရာ အပြောင်းအရွှေ့ အထမြောက်လုနီးပါး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : We Ain’t Got No History

  အသက် (၂၄)နှစ်အရွယ်ရှိ အမေရိကန် လက်ရွေးစင် တောင်ပံ နဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဒေါ့မွန်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနဲ့ ဘောလုံးရာသီ (၄)ရာသီ ဖြတ်သန်းခဲ့ရင်း ချန်ပီယံလိဂ်ဖလား အပါအဝင် ဥရောပ ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ (၄)ရာသီအတွင်းမှာ ပွဲပေါင်း (၁၄၅)ပွဲအထိ ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးရဲ့ လက်ရှိ situation တွေကြောင့် ကစားသမား ရောင်းချမှု ပြုလုပ်ရမယ့် အခြေအနေမှာပါ ပူလီဆစ် ပါဝင်နေတာကြောင့် သေချာပေါက် အသင်းနဲ့ လက်တွဲဖြုတ်ရဖို့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Transfermarket

ဒီလို အခြေအနေ ရှိနေတဲ့ ပူလီဆစ်ကို အေစီမီလန်အသင်းက ဒုတိယမြောက် ကမ်းလှမ်းမှုဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို (၂၂)သန်းနဲ့ ကမ်းလှမ်းထားခဲ့ရာ ဒီကမ်းလှမ်းချက်ကိုလည်း ချယ်လ်ဆီးဘက်က သဘောတူညီဖို့ ရှိနေပြီး ပူလီဆစ် နဲ့ သူ့အေးဂျင့်တို့ကလည်း ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ချယ်လ်ဆီးဘက်ကို ဖိအားပေးနေတယ်လို့ သိရပါတယ်။

Exit mobile version