အီတလီစီးရီးအေ ပွဲစဉ်(၃၇)ရဲ့လက်ကျန်ပွဲစဉ်(၃)ပွဲကို ဒီနေ့မနက်အစောပိုင်း (၂)နာရီ(၁၅)မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဒီပွဲစဉ်တွေထဲကမှ ဇူလိုင်လတစ်လလုံးမှာ လုံးဝနိုင်ပွဲမရထားသေးတဲ့ ကာဂလီယာရီအသင်းနဲ့ ဒီရာသီရဲ့ စီးရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းတို့ တွေ့ဆုံနေတဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်ကာဂလီယာရီအသင်းက (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၂၀၁၅ခုနှစ်နောက်ပိုင်း ကာဂလီယာရီအသင်းနဲ့ တွေ့ဆုံတိုင်းလိုလိုမှာ အနိုင်ရလဒ်တွေကိုပဲ ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းက စီးရီးအေချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပေမယ့် အဓိက ကစားသမားအများအပြားနဲ့ ဆက်လက်ပွဲထွက်လာခဲ့ပြီး အိမ်ရှင်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ကာဂလီယာရီကလည်း သူတို့ကို အမြဲတမ်းအသာစီးရယူတတ်တဲ့ ဂျုဗင်တပ်စ်အသင်းကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့ပြီး ပထမပိုင်းအတွင်းမှာပဲ တည်ငြိမ်လွန်းတဲ့ ကစားဟန်တွေနဲ့အတူ ပွဲကို (၂)ဂိုးပြတ်နဲ့ပင် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကိုတော့ ဂယ်လီယာနိုနဲ့ ဆီမြွန်နီတို့က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ငယ်နိုင်လိုဖြစ်နေတဲ့ အသင်းတစ်သင်းရဲ့ ပြတ်ပြတ်သားသား ဦးဆောင်ထားမှုကို ခံထားရတဲ့ ဂျုဗင်တပ်စ်အသင်းက ဒုတိယပိုင်းမှာ သွင်းဂိုးပြန်သွင်းနိုင်အောင် ကြိုးပမ်းခဲ့ပေမယ့် ကာဂလီယာရီခံစစ်က အရမ်းတည်ငြိမ်လွန်းနေသလို အင်မိုဘီလီရဲ့သွင်းဂိုး(၃၅)ဂိုးကို အမီလိုက်ဖို့ စိတ်လောနေခဲ့တဲ့ ရော်နယ်ဒိုမှာလည်း ဂိုးရဖို့ရုန်းကန်နေခဲ့ရပါတယ်။ ပွဲပြီးချိန်ထိ ဂျုဗင်တပ်စ်ဘက်က တိုက်စစ်ကို အရှိန်မြင့်တင်ကစားလာပေမယ့်လည်း ကာဂလီယာရီအသင်းကပဲ နိုင်ပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ဖီအိုရင်တီးနား ၄-၀ ဘိုလော့ဂ်နာ
တိုရီနို ၂-၃ ရိုးမား

ကာဂလီယာရီ ၂-၀ ဂျုဗင်တပ်စ်