ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ရရှိခဲ့တဲ့ ဂန္တဝင် ကစားသမားဟောင်း ကာဖူးက အဲဗာတန်အသင်းက ရီးရဲလ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား ဂျိမ်းရိုဒရီဂွတ်စ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထင်ပေါ်ကျော်ကြားလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းရိုဒရီဂွတ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အဲဗာတန်အသင်းကို ပြောင်းရွေ့လာခဲ့ပြီးနောက် စပါးအသင်း၊ ဝက်စ်ဘရွန်းအသင်းတို့နဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဝက်စ်ဘရွန်းအသင်းကို (၂-၅) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: TheSun

ဘိုင်ယန်မြူးနစ်အသင်း နဲ့ ရီးရဲလ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွတ်စ်အနေနဲ့ ယနေ့ည၊ နံနက်၊ (၁း၁၅) အချိန်မှာ လိဂ်ဝမ်း ပြိုင်ပွဲက ဖလီးဝုဒ်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားမယ့် ကာရာဘောင် ဖလား ပွဲစဉ်မှလည်း အဲဗာတန်အသင်းအတွက် ပွဲထွက် ကစားလာနိုင်ချေ များပါတယ်။ (၂၀၁၄) ခုနှစ်က ကမ္ဘာ့ဖလား ရွှေဖိနပ် ဆုရရှိခဲ့တဲ့ ဂျိမ်းရိုဒရီဂွတ်စ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထင်ပေါ်ကျော်ကြားလာလိမ့်မယ်လို့ လွန်ခဲ့တဲ့ (၂၀၀၂) ခုနှစ်က ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရရှိသွားခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ကစားသမားဟောင်း ကာဖူးက ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

ကာဖူးက “ဂျိမ်းရိုဒရီဂွတ်စ်က ကိုလံဘီယာ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ သူက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားခဲ့တာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ သူ ဘိုင်ယန်အသင်းအတွက် ကစားခဲ့တာကိုလည်း ကျွန်တော် မြင်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် သူက အလွန် ကောင်းတဲ့ ကစားသမား၊ ပြောင်မြောက်တဲ့ ကစားသမား နဲ့ ညဏ်အလွန်ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ သူက ဘယ်လို ကစားသမားလဲ ဆိုရင်တော့ သူ့ကို သူ ကစားချင်တဲ့ ပုံစံ အတိုင်းသာ ကစားခွင့် ပေမးယ် ဆိုရင် သေချာတာက သူ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အများကြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။ သူက ပွဲထွက် ခွင့် ရရှိမယ် ဆိုရင် ထင်ပေါ်ကျော်ကြားမယ့် ကစားသမား ဖြစ်ပါတယ်။ အဲဗာတန်အသင်းက သူ့ရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မြင်ကြရပါလိမ့်မယ်”လို့ ဟောကိန်းထုတ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။