ဘရာဇီး ဂန္တဝင် ကစားသမားဟောင်း ကာဖူးကတော့ ဘောလုံး နည်းစနစ်ပိုင်းနဲ့ ပက်သက်လာပြီ ဆိုရင် တစ်နိုင်ငံသားချင်းဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူး နေမာကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ပြောခဲ့ပြီး မက်ဆီတောင်မှ နည်းစနစ်ပိုင်းနဲ့ ပက်သက်ရင် နေမာကို မကျော်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘောလုံး ကစားတဲ့ အချိန်မှာ နည်းစနစ်ပိုင်း ကြွယ်ဝတာကြောင့် ဘောလုံးကို လှပစွာ နဲ့ နိုင်နင်းစွာ ကစားနိုင်ပြီး ပြိုင်ဘက် ကစားသမားနဲ့ ထိပ်တိုက် တွေ့ရပြီ ဆိုရင် လှလှပပ ကျော်ဖြတ်နိုင်လေ့ ရှိပါတယ်။

Photo Credit: Goal

နေမာဟာ ဘောလုံး နည်းစနစ်ပိုင်း ကြေညက်တဲ့ ကစားသမား တစ်ဦး ဖြစ်မယ် ဆိုရင်တော့ ဘလွန်းဒီအော်ဆု (၆) ကြိမ် ရရှိထားတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကိုလည်း ဘောလုံးနည်းစနစ်ပိုင်း ကြေညက်တဲ့ ကစားသမားလို ပြောနိုင်ပေမဲ့ ကာဖူးကတော့ လက်မခံခဲ့ပါဘူး။ ကာဖူးဟာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား (၂) ကြိမ် ရရှိထားပြီး သူက ဘောလုံးနည်းစနစ်ပိုင်းနဲ့ ပက်သက်လာရင် ဘယ်ကစားသမားကမှ နေမာကို မယှဉ်နိုင်ဘူးလို့ ပြောပြီး အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတောင် နေမာကို မကျော်နိုင်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘရာဇီး ဂန္တဝင် ကစားသမားဟောင်း ကာဖူးက ” ဘောလုံး နည်းစနစ်ပိုင်းနဲ့ ပက်သက်ရင် နေမာက ကမ္ဘာ့ အကောင်းဆုံး ကစားသမားပါ။ ဒီနေ့ခေတ်မှာ နည်းစနစ်ပိုင်းနဲ့ ပက်သက်လာပြီဆိုရင် နေမာကို ဘယ်ကစားသမားမှ မယှဉ်နိုင်ပါဘူး။ ကျွန်တော်က မက်ဆီရဲ့ ပရိသတ် တစ်ဦး ဖြစ်ပေမဲ့လည်း မက်ဆီတောင်မှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ မက်ဆီက နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ ပက်သက်ရင် နေမာကို မကျော်နိုင်ပါဘူး။ ဒီနေ့ ဘရာဇီး လက်ရွေးစင်အသင်းထဲမှာ ခေါင်းဆောင် တစ်ဦးမှကို မရှိတာပါ။ နေမာကို ဒါ မလုပ်နဲ့ ဒါမှမဟုတ် ဒါ လုပ်ပါလို့ ပြောတဲ့ သူ တစ်ဦးမှကို မတွေ့ရဘူး။ နေမာကို အဲဒီလို တာဝန်တွေ ပေးကြပါတယ်။ ဒါက သူ့ရဲ့ ပုံစံ မဟုတ်ပါဘူး။ သူ မလုပ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက သူ့ရဲ့ ပုံစံ မဟုတ်တာကြောင့်ပါ”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။