ဒီကနေ့ည (ကြာသပတေးနေ့ မနက်အစောပိုင်း)မှာ ယှဉ်ပြိုင်သွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ခါရာဘောင်း လိဂ်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ သူတို့ ဘန်လေအသင်းက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ယူနိုက်တက်အသင်းကို ကျော်ဖြတ်သွားနိုင်တယ်လို့ ယုံကြည်မိကြောင်း ဘန်လေ တောင်ပံကစားသမား ဂုဒ်မန်ဆန်က ပြောဆိုလိုက်ပါတယ်။

Man United vs Burnley LIVE Streaming: Manchester United vs Burnley in  Carabao Cup at 1.30 AM - Follow LIVE

Photo Credit : InsideSport

လိဂ်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ပွဲစဉ်တွေကို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန် ရက်ပိုင်းလေးအတွင်းမှာပဲ ကစားသွားဖို့ စီစဉ်ထားရာ မနေ့ညကပဲ ပွဲစဉ်တချို့ ကစားသွားခဲ့ရပြီး အသင်းကြီးတွေပဲ နောက်တစ်ဆင့်ကို အသီးသီး တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်အသင်း ယူနိုက်တက်က ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ ဘန်လေအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံသွားရမှာဖြစ်ပြီး လူစုံမပါဝင်နိုင်သေးတဲ့ ယူနိုက်တက်ကို ပုံစံကောင်းပြနေတဲ့ သူတို့ ဘန်လေအသင်းက ကောင်းကောင်းကြီး ဒုက္ခပေးသွားနိုင်တယ်လို့ ဂုဒ်မန်ဆန်က ယုံကြည်နေပါတယ်။

Photo Credit : Sky Sports

ဂုဒ်မန်ဆန်က “ကျွန်တော်နဲ့ တခြားကစားသမားတွေ အကြိမ်အနည်းငယ်လောက် ပွဲတွေ ကစားထားခဲ့ပါပြီ။ အဲ့ဒီပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရရှိထားပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း အလားတူပုံစံမျိုး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့အသင်းက ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ကစားလာနိုင်မှာ မဟုတ်လို့ ဒါကို ကျွန်တော်တို့ဘက်က အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဆိုပြီး ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား အများအပြားကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ထားခဲ့ရပေမယ့်လည်း တချို့ကစားသမားတွေက ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာထားခဲ့ရလို့ ယူနိုက်တက်အသင်းနဲ့ အလျင်အမြန် ပူးပေါင်းနိုင်ပြီး လေ့ကျင့်ခန်းတွေပင် စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းအတွက် အားထားရတဲ့ ကစားသမားတွေကိုတော့ ချက်ချင်းကြီး အသင်းအတွက် ကစားခိုင်းလို့ မရသေးပဲ ရက်သတ္တပတ် အနည်းငယ်ခန့် အနားပေးရဦးမှာဖြစ်လို့ ဒီည ဘန်လေနဲ့ပွဲမှာ ယူနိုက်တက်တို့ ကစားသမား မစုံမလင်နဲ့သာ ပွဲထွက်လာရနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခု ဒီဇင်ဘာလထဲမှာ ဘန်လေနဲ့ လိဂ်ဖလားပွဲ ကစားပြီးရင် နော်တင်ဟမ် ဝုလ်ဗ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်တိုက် ယှဉ်ပြိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။