ချန်ပီယံရှစ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘန်လေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်(၄၀)မှာ မစ်ဒယ်ဘရော့ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆီ တန်းတက်ဖို့ သေချာသွားခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် ခံစစ်မှူးကြီး ကွန်ပနီ ဦးဆောင်နေတဲ့ ဘန်လေက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်ပြီး ဘန်လေဟာ ရှုံးပွဲ ၂ပွဲထဲသာ ကြုံတွေ့ထားရပါတယ်။

Photo Credit: Mirror

ဘန်လေက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၃၉ပွဲ ကစားပြီးချိန် ၂၅ပွဲနိုင် ၊ ၁၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုနဲ့ အတူ ရမှတ် ၈၇မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

ဘန်လေက ပြိုင်ပွဲ ပြီးဆုံးဖို့ ၆ပွဲသာ လိုအပ်တော့ချိန်မှာ ရမှတ် ၈၇မှတ် ရထားသလို တတိယနေရာမှာ ရှိနေတဲ့ လူတန်ကို ရမှတ် ၁၉မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဆီ တိုက်ရိုက် တန်းတက်ခွင့် ရတဲ့ အဆင့်(၁)နဲ့ အဆင့်(၂) နေရာတွေထဲက တခုကို ရရှိဖို့ သေချာသွားခဲ့ပါပြီ။

Photo Credit: Mirror

ဘန်လေက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်ခွင့် ရဖို့ သေချာသွားခဲ့သလို အဆင့်(၂)နေရာမှာ ရှိနေတဲ့ ရှက်ဖီးလ်ကို ရမှတ် ၁၁မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် ကစားဖို့ ကျန်နေသေးတဲ့ ၇ပွဲမှာ ၄ပွဲနိုင်ရုံနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

ကဲ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေကို ဒုက္ခပေးနေကြ ဘန်လေကတော့ ပရီးမီးယားလိဂ်ဆီ ခပ်မြန်မြန်ပဲ ပြန်လာနိုင်ခဲ့ပါပြီ။