ပရီးမီးယားလိဂ္ရဲ့ အသင္းတစ္သင္းျဖစ္တဲ့ ဘန္ေလအသင္းဟာ ယေန႔မနက္မွာ ကစားခဲ့ရတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ပြဲစဥ္ အၿပီးမွာေတာ့ ႏွစ္ေပါင္း၅၈ႏွစ္ၾကာေအာင္ တင္ရွိခဲ့တဲ့ စံခ်ိန္မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္နိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။
Photo Credit: Evening Standard.com
ဘန္ေလအသင္းဟာ ယူနိုက္တက္အသင္းရဲ့ အိမ္ကြင္းျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ ၁၉၆၂ခုႏွစ္မွစတင္ၿပီး နိုင္ပြဲေပ်ာက္ဆုံးခဲ့တာ ျဖစ္ကာ ယေန႔မနက္မွာ ကစားခဲ့တဲ့ အေဝးကြင္း ပြဲစဥ္မွာ ႏွစ္ဂိုး ဂိုးမရွိနဲ႔ အနိုင္ရခဲ့အၿပီးမွာေတာ့ အဆိုပါမွတ္တမ္းဆိုးကို ေခ်ဖ်က္ျပနိုင္ခဲ့တာပါ။ ဘန္ေလအသင္းအတြက္ အနိုင္ဂိုးေတြကိုေတာ့ တိုက္စစ္မွူးေတြျဖစ္ၾကတဲ့ ခရစၥဝုဒ္နဲ႔ ရိုဒရီဂြက္ တို႔က သြင္းယူေပးခဲ့ၾကပါတယ္။
Photo Credit: Evening Standard.com
အိုးထရက္ဖို႔ဒ္မွာ ကစားရတဲ့ ပြဲစဥ္ျဖစ္တာနဲ႔အညီ ဘန္ေလအသင္းဟာ အဆိုပါပြဲမွာ ခံစစ္ကိုသာ ဦးတည္ကစားခဲ့ၿပီး ယူနိုက္တက္အသင္းရဲ့ အမွားေတြကို အခြင့္ေကာင္းယူကာ အနိုင္ဂိုးေတြ ရရွိဖို႔အတြက္ ျပင္ဆင္လာခဲ့ပါတယ္။ အိမ္ရွင္အသင္းျဖစ္တဲ့ ယူနိုက္တက္အသင္းဟာ ထုံးစံအတိုင္းပဲ တိုက္စစ္ကို ဦးတည္ကစားလာခဲ့ေပမယ့္ ဘန္ေလဂိုးသမား ပုတ္ခ္ရဲ့ လက္စြမ္းေတြေၾကာင့္ သြင္းဂိုးေတြရရွိဖို႔ ႐ုန္းကန္ခဲ့ၾကရပါတယ္။
Photo Credit: Evening Standard.com
၅၈ႏွစ္တာ စံခ်ိန္မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ျပခဲ့တဲ့ ဒီသမိုင္းဝင္နိုင္ပြဲမွာေတာ့ တိုက္စစ္မွူးေတြ ျဖစ္ၾကတဲ့ ခရစၥဝုဒ္နဲ႔ ရိုဒရီဂြက္တို႔ဟာ အသင္းရဲ့ သူရဲေကာင္းေတြျဖစ္ခဲ့ၾကၿပီး ခရစၥဝုဒ္ဟာ ပြဲကစားခ်ိန္ ၃၉မိနစ္မွာ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ကာ ရိုဒရီဂြက္ကေတာ့ ပြဲကစားခ်ိန္ ၅၆မိနစ္မွာ ပြဲသိမ္းဂိုးကို သြင္းေပးခဲ့တာလည္း ျဖစ္ပါတယ္။
ပရီးမီးယားလိဂ်ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဘန်လေအသင်းဟာ ယနေ့မနက်မှာ ကစားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲစဉ် အပြီးမှာတော့ နှစ်ပေါင်း၅၈နှစ်ကြာအောင် တင်ရှိခဲ့တဲ့ စံချိန်မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
Photo Credit: Evening Standard.com
ဘန်လေအသင်းဟာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ၁၉၆၂ခုနှစ်မှစတင်ပြီး နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ကာ ယနေ့မနက်မှာ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့အပြီးမှာတော့ အဆိုပါမှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်ခဲ့တာပါ။ ဘန်လေအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ခရစ္စဝုဒ်နဲ့ ရိုဒရီဂွက် တို့က သွင်းယူပေးခဲ့ကြပါတယ်။
Photo Credit: Evening Standard.com
အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲစဉ်ဖြစ်တာနဲ့အညီ ဘန်လေအသင်းဟာ အဆိုပါပွဲမှာ ခံစစ်ကိုသာ ဦးတည်ကစားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ အမှားတွေကို အခွင့်ကောင်းယူကာ အနိုင်ဂိုးတွေ ရရှိဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။ အိမ်ရှင်အသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ ထုံးစံအတိုင်းပဲ တိုက်စစ်ကို ဦးတည်ကစားလာခဲ့ပေမယ့် ဘန်လေဂိုးသမား ပုတ်ခ်ရဲ့ လက်စွမ်းတွေကြောင့် သွင်းဂိုးတွေရရှိဖို့ ရုန်းကန်ခဲ့ကြရပါတယ်။
Photo Credit: Evening Standard.com
၅၈နှစ်တာ စံချိန်မှတ်တမ်းဆိုးကို ချိုးဖျက်ပြခဲ့တဲ့ ဒီသမိုင်းဝင်နိုင်ပွဲမှာတော့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ခရစ္စဝုဒ်နဲ့ ရိုဒရီဂွက်တို့ဟာ အသင်းရဲ့ သူရဲကောင်းတွေဖြစ်ခဲ့ကြပြီး ခရစ္စဝုဒ်ဟာ ပွဲကစားချိန် ၃၉မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ကာ ရိုဒရီဂွက်ကတော့ ပွဲကစားချိန် ၅၆မိနစ်မှာ ပွဲသိမ်းဂိုးကို သွင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။