ရမှတ်(၂၁)မှတ်ပဲ ရယူနိုင်ခဲ့ပြီး စွမ်းဆောင်ရည်တွေ ညံဖျင်းခဲ့လို့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ နောရစ်ချ်စီးတီးအသင်းဟာ ဒီနေ့ညမှာတော့ သူတို့ရဲ့ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံးပွဲအဖြစ် Carrow Road ကွင်းမှာ ဘန်လေအသင်းကို ဧည့်ခံကစားခဲ့ပြီး ဘန်လေက (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်နောရစ်ချ်အသင်းဘက်မှာတော့ ဒါမစ်ချ် ဘူအန်ဒီယာ ကန့်ဝဲလ် ဟာနန်ဒက်ဇ် တတ်တီ မက်ကလင်း လူးဝစ် ကလိုဆေး ဂေါ့လ်ဖရီ အာရွန်စ်နဲ့ တင်ကာရူးတို့ ပါဝင်လာခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)အတွင်းမှာရှိနေတဲ့ ဘန်လေအသင်းကတော့ ရိုဒရီဂွက်ဇ် ခရစ္စဝုဒ် မက်နေးလ် ဘရောင်းဟေးလ် ဝက်စ်ဝုဒ် ဂတ်ဒ်မန်ဆန် ပီတာစ် တာကေစကီး လောင်း ဘာ့စ်လေ နစ်ပုဒ်တို့ ပါဝင်လာခဲ့ပါတယ်။ ဘန်လေအသင်းက ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုလေးပဲ အသာစီးရယူခဲ့ပေမယ့် ဘန်လေလောက် ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့တဲ့အပြင် ပထမပိုင်းအတွင်းမှာပဲ ဘူအန်ဒီယာနဲ့ ဒါမစ်ချ်တို့လို တိုက်စစ်အားသန်ကစားသမားနှစ်ယောက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ ကစားသမား(၉)ယောက်ပဲ ကျန်ခဲ့ရပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ခရစ္စဝုဒ်က ဂတ်ဒ်မန်ဆန်ရဲ့ဖြတ်တင်ဘောကနေ ဘန်လေအတွက် အဖွင့်ဂိုးကို လှလှပပလေးနဲ့ သွင်းယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

ကစားသမား(၂)ယောက် အသာရသွားခဲ့တဲ့ ဘန်လေအသင်းက ဒုတိယပိုင်းမှာ ထိုးဖောက်မှုမျိုးစုံနဲ့ နောက်ထပ်သွင်းဂိုးတွေရအောင် စွမ်းဆောင်ခဲ့ပေမယ့်လည်း ဂိုးရဖို့ခက်ခဲနေခဲ့ပြီး ဒုတိယဂိုးကို မိနစ်(၈၁)အရောက်မှသာ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါတောင် နောရစ်ချ်နောက်ခံလူ ဂေ့ါလ်ဖရီက OG ဂိုး သွင်းယူခဲ့တာကြောင့်ဖြစ်ပြီး အိုနယ်ဟာနန်ဒက်ဇ်ရဲ့ကန်ချက်က ချေပဂိုးဝင်လုနီးပါး ဖြစ်ခဲ့သေးကာ နစ်ပုဒ်မနည်းကို ကာကွယ်ခဲ့ရပါတယ်။