ပြီးခဲ့တဲ့ Super Sunday တုန်းက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ အင်္ဂလန်ရဲ့ အနောက်မြောက်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အဖြစ် နိုင်ပွဲပြန်ရှာတွေ့ထားတဲ့ ဘန်လေအသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းထဲမှာ  ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘန်လေက ယူနိုက်တက်ကို အဝေးကွင်းမှာ ၂ဂိုး ဂိုးမရှိနဲ့ အံ့အားသင့်စဖွယ် အနိုင်ယူသွားခဲ့ပါတယ်။

၄-၂-၃-၁ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ အိမ်ရှင်ယူနိုက်တက်အသင်းဟာ ကွင်းလယ်မှာ မာတာကို ပြန်လည်ပွဲထွက်ခဲ့ပြီး အဖျားဝေဒနာခံစားနေရတဲ့ လင်ဒီလော့နေရာမှာတော့ ဖီးလ်ဂျုံးကို ထည့်သွင်းလာခဲ့ကာ ကျန်တဲ့နေရာတွေမှာတော့ မာစီယဲလ် ဂျိမ်းစ် ဖရက်ဒ် မာတစ် ပါရဲရား ဘစ်ဆာခါ ဝီလီယံစ် မက်ဂွိုင်းယား ဒီဂီယာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ပထမပိုင်းတစ်ပိုင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် မာစီယဲလ် မာတာတို့ရဲ့လွဲချော်မှုတွေ ဒင်နီရယ်ဂျိမ်းစ်ရဲ့ခေါင်းတိုက်မှုကို နစ်ပုဒ်ကာကွယ်နိုင်မှုတွေကြောင့် ဂိုးရဖို့ခက်ခဲနေခဲ့ရပြီး တိုက်စစ်အခင်းအကျင်းက အားနည်းလွန်းနေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ Set-piece တွေကနေ ရှင်းလင်းမှုအားနည်းတတ်တဲ့ ယူနိုက်တက်ခံစစ်က ပွဲချိန်၃၉မိနစ်မှာပဲ ကွင်းလယ်ပိုင်းလောက်ကနေ ရရှိခဲ့တဲ့ ဖရီးကစ်ကန်ချက်ကနေတစ်ဆင့် မက်ဂွိုင်းယားလူကပ်ပုံ လိုအပ်ချက်ကြောင့် ခရစ္စဝုဒ်က ဘန်လေအတွက် အဖွင့်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တိုက်စစ်အားနည်းနေမှုကြောင့် ဒုတိယပိုင်းပြန်လည်စတင်ချိိန်မှာပဲ ဂရင်းဝုဒ်ကို ထည့်သွင်းအသုံးပြုလာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ချေပဂိုးပြန်မရသေးခင်မှာပဲ ဘန်လေဘက်ကို နောက်ထပ်သွင်းဂိုးတစ်ဂိုး ထပ်မံခွင့်ပြုလိုက်ရပါတယ်။ ဒီဂိုးကိုတော့ ဘန်လေကစားသမား ရိုဒရီဂွက်ဇ်က သေသပ်ပြီး အားပါးပြင်းထန်လှတဲ့ အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ မမျှော်လင့်ပဲ ၂ဂိုးပြတ်အထိ ရှံးနိမ့်နေခဲ့ရချိန်မှာတော့ ယူနိုက်တက်ကစားသမားတွေ စိတ်ဓါတ်ပိုင်းပါ ပိုထိခိုက်သွားခဲ့ရပြီး ချေပဂိုးပြန်ရဖို့အတွက် ကြိုးစားမှုတွေမှာလည်း ထိရောက်မှုမရှိသလောက် ဖြစ်နေရပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင်ကစားသမား လုခ်ရှောချေပဂိုးသွင်းယူခဲ့ပေမယ့် ဒိုင်ကတော့ Foul သာ သတ်မှတ်ခဲ့ပြီး ဂိုးကိုပယ်ဖျက်ခဲ့တာကြောင့် ယူနိုက်တက်တို့ အိုးထရက်ဖိုဒ့်မှာ ဘန်လေကို ဂိုးပြတ်ရှံးခဲ့ရပါတယ်။

(Zawgyi)

လီဗာပူးလ္ကုိရွံးအၿပီး ဘန္ေလကုိပါ အိမ္ကြင္းထပ္အေရးနိမ့္ခဲ႔ျပန္တဲ႔ ယူႏုိက္တက္

ၿပီးခဲ႔တဲ႔ Super Sunday တုန္းက လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့ရတဲ႔ အဂၤလန္ရဲ႕ အေနာက္ေျမာက္ဒါဘီ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ ၂ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၂၄)အျဖစ္ ႏုိင္ပြဲျပန္ရွာေတြ႕ထားတဲ႔ ဘန္ေလအသင္းနဲ႔ အုိးထရက္ဖုိဒ့္ကြင္းထဲမွာ  ယွဥ္ၿပိဳင္ကစားခဲ႔ၾကၿပီး ဘန္ေလက ယူႏုိက္တက္ကုိ အေဝးကြင္းမွာ ၂ဂုိး ဂုိးမရွိနဲ႔ အံ့အားသင့္စဖြယ္ အႏုိင္ယူသြားခဲ႔ပါတယ္။

၄-၂-၃-၁ ကစားကြက္ကုိ အသုံးျပဳလာခဲ႔တဲ့ အိမ္ရွင္ယူႏုိက္တက္အသင္းဟာ ကြင္းလယ္မွာ မာတာကုိ ျပန္လည္ပြဲထြက္ခဲ႔ၿပီး အဖ်ားေဝဒနာခံစားေနရတဲ႔ လင္ဒီေလာ့ေနရာမွာေတာ့ ဖီးလ္ဂ်ံဳးကုိ ထည့္သြင္းလာခဲ႔ကာ က်န္တဲ႔ေနရာေတြမွာေတာ့ မာစီယဲလ္ ဂ်ိမ္းစ္ ဖရက္ဒ္ မာတစ္ ပါရဲရား ဘစ္ဆာခါ ဝီလီယံစ္ မက္ဂြိဳင္းယား ဒီဂီယာတုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ယူႏုိက္တက္အသင္းဟာ ဒီပြဲမွာ ပထမပုိင္းတစ္ပုိင္းလုံးကုိ လႊမ္းမုိးထားနုိင္ခဲ႔ေပမယ့္ မာစီယဲလ္ မာတာတုိ႔ရဲ႕လြဲေခ်ာ္မႈေတြ ဒင္နီရယ္ဂ်ိမ္းစ္ရဲ႕ေခါင္းတုိက္မႈကုိ နစ္ပုဒ္ကာကြယ္ႏုိင္မႈေတြေၾကာင့္ ဂုိးရဖုိ႔ခက္ခဲေနခဲ႔ရၿပီး တုိက္စစ္အခင္းအက်င္းက အားနည္းလြန္းေနပါတယ္။ ဒါ့အျပင္ ဒီရာသီမွာ Set-piece ေတြကေန ရွင္းလင္းမႈအားနည္းတတ္တဲ႔ ယူႏုိက္တက္ခံစစ္က ပြဲခ်ိန္၃၉မိနစ္မွာပဲ ကြင္းလယ္ပုိင္းေလာက္ကေန ရရွိခဲ႔တဲ႔ ဖရီးကစ္ကန္ခ်က္ကေနတစ္ဆင့္ မက္ဂြိဳင္းယားလူကပ္ပုံ လုိအပ္ခ်က္ေၾကာင့္ ခရစၥဝုဒ္က ဘန္ေလအတြက္ အဖြင့္ဂုိးရယူေပးႏုိင္ခဲ႔ပါတယ္။

ပထမပုိင္းမွာ တုိက္စစ္အားနည္းေနမႈေၾကာင့္ ဒုတိယပုိင္းျပန္လည္စတင္ခ်ိိန္မွာပဲ ဂရင္းဝုဒ္ကုိ ထည့္သြင္းအသုံးျပဳလာခဲ႔တဲ႔ ယူႏုိက္တက္အသင္းဟာ ေခ်ပဂုိးျပန္မရေသးခင္မွာပဲ ဘန္ေလဘက္ကုိ ေနာက္ထပ္သြင္းဂုိးတစ္ဂုိး ထပ္မံခြင့္ျပဳလုိက္ရပါတယ္။ ဒီဂုိးကုိေတာ့ ဘန္ေလကစားသမား ရုိဒရီဂြက္ဇ္က ေသသပ္ၿပီး အားပါးျပင္းထန္လွတဲ႔ အေဝးကန္ခ်က္နဲ႔ သြင္းယူခဲ႔တာျဖစ္ပါတယ္။ မေမွ်ာ္လင့္ပဲ ၂ဂုိးျပတ္အထိ ရွံးနိမ့္ေနခဲ႔ရခ်ိန္မွာေတာ့ ယူႏုိက္တက္ကစားသမားေတြ စိတ္ဓါတ္ပုိင္းပါ ပုိထိခုိက္သြားခဲ့ရၿပီး ေခ်ပဂုိးျပန္ရဖုိ႔အတြက္ ႀကိဳးစားမႈေတြမွာလည္း ထိေရာက္မႈမရွိသေလာက္ ျဖစ္ေနရပါတယ္။ ပြဲၿပီးခါနီးမွာ လူစားဝင္ကစားသမား လုခ္ေရွာေခ်ပဂုိးသြင္းယူခဲ႔ေပမယ့္ ဒုိင္ကေတာ့ Foul သာ သတ္မွတ္ခဲ႔ၿပီး ဂုိးကုိပယ္ဖ်က္ခဲ႔တာေၾကာင့္ ယူႏုိက္တက္တုိ႔ အိုးထရက္ဖုိဒ့္မွာ ဘန္ေလကုိ ဂုိးျပတ္ရွံးခဲ႔ရပါတယ္။