မြန်မာ့လက်ရွေးစင် အသင်းနဲ့ ရတနာပုံအသင်းတို့ရဲ့ အဓိက ကစားသမား တစ်ဦးလို့ ဆိုရမယ့် အောင်သူ ကတော့ ရတနာပုံအသင်းမှာ အဆင်မပြေမှု တချို့နဲ့ ကြုံတွေ့ခဲ့ရ အပြီးမှာတော့ ယခင်က ကစားခဲ့တဲ့ ထိုင်းလိဂ်ကို ပြန်လည် ပြောင်းရွှေ့ ကစားတော့မယ် လို့ သိရပါတယ်။ အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ အောင်သူဟာ မြန်မာ လက်ရွေးစင်အသင်း အတွက် ၄၁ပွဲအထိ ပါဝင် ကစားပေးထားကာ ၁၀ဂိုး သွင်းယူ ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်တွေ အရတော့ အောင်သူဟာ ထိုင်းလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘူရီရမ်အသင်းထံ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု အလုံးစုံ ရယူ ထားနိုင်ပြီ ဖြစ်ကာ မကြာမီမှာ ပြောင်းရွှေ့တော့မယ် လို့ သိရပါတယ်။ အောင်သူဟာ ထိုင်းလိဂ်အသင်းတွေ ဖြစ်တဲ့ ပူးလိစ်တယ်ရိုအသင်း ၊ မြောင်တောင်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိပြီး တယ်ရိုအသင်းမှာ ကစားစဉ်က ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် မြောင်တောင်အသင်းမှာ ကစားခဲ့စဉ် ကတော့ ထင်ထားသလောက် အောင်မြင်မှုတွေ မရခဲ့ပါဘူး။

Photo Credit: Goal

လက်ရှိမှာတော့ ထိုင်းလိဂ်ဟာ ရာသီဝက် ပြီးဆုံးခါနီး အချိန်မှာ ရောက်ရှိနေပြီး ယခုနှစ် နှစ်ကုန်ပိုင်း မှာတော့ ရာသီဝက် ပြီးဆုံးမှာ ဖြစ်ကာ အောင်သူဟာ ဘူရီရမ်အသင်းထံ ရာသီဝက် ကာလမှာ ပြောင်းရွှေ့ ကစားမှာလည်း ဖြစ်ပါတယ်။ ဘူရီရမ်အသင်းဟာ ထိုင်းလိဂ်-၁ ရဲ့ ချန်ပီယံဆုကို ၇ကြိမ်အထိ ရယူ ထားနိုင်ခဲ့တဲ့ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် လက်ရှိရာသီ မှာတော့ ခြေစွမ်း အနည်းငယ် ကျဆင်း နေပြီး ၁၀ပွဲ ကစားထားရာမှာ ရမှတ် ၁၁မှတ်သာ ရယူ ထားနိုင်ပါတယ်။ မြန်မာ လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ အောင်သူ တစ်ယောက် ဘူရီရမ်အသင်းမှာ အောင်မြင်မှုတွေ ရပါစေလို့ တောင်းဆုပြုလျက်…။