ဘွန်ဒစ်လီဂါကတော့ ကိုဗစ်ကာလအတွင်း ရဲရဲဝံ့ဝံ့နဲ့ ပြန်လည်စတင်ခဲ့ရာကနေ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အဆုံးသတ်ခါနီးအထိတောင် တဖြည်းဖြည်းရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘွန်ဒစ်လီဂါရဲ့ ပွဲစဉ်(၃၀)ကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ ပါဝင်လို့နေတာကြောင့် ဘောလုံးပရိသတ်ကြီးတွေကို ဆွဲဆောင်နေနိုင်ဦးမှာ သေချာပါတယ်။ ဒီပွဲတွေအကြောင်းကို ဆက်လက်သုံးသပ်ကြည့်လိုက်ရအောင်ဗျာ။

လေဗာကူဆင် နဲ့ ဘိုင်ယန်မြူးနစ် (စနေနေ့ည၈နာရီ)

ဒီတစ်ပတ်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲပါ။ ဘွန်ဒစ်လီဂါမှာ (၈)ပွဲဆက်တိုက် နိုင်ပွဲရထားတဲ့ ဘိုင်ယန်ကို လေဗာကူဆင်တို့ ဘယ်လိုတုန့်ပြန်ကောင်းမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လေဗာကူဆင်က နောက်ဆုံးအိမ်ကွင်း(၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရထားတယ်ဆိုပေမယ့် ဝုလ်ဖ်ဘတ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲက ခြေစွမ်းမျိုးနဲ့တော့ ဘိုင်ယန်ကို ရင်ဆိုင်မယ်ဆိုရင် အမှတ်လျော့မှာ သေချာပါတယ်။ ဘိုင်ယန်ကတော့ ၂၀၂၀ခုနှစ်အတွင်း ကစားခဲ့ရသမျှ အဝေးကွင်းပွဲတိုင်းကို အနိုင်ရထားတဲ့အတွက် ဒီပွဲမှာလည်း အိမ်ရှင်ကို အသာရနိုင်ပါတယ်။ ဘိုင်ယန်ပဲ ကပ်နိုင်ဖွယ်ရှိပါတယ်။

လိုက်ပ်ဇစ် နဲ့ ပါဒါဘွန်း (စနေနေ့ည၈နာရီ)

လိုက်ပ်ဇစ်အတွက် အမှတ်ပြည့်ရယူနိုင်သင့်တဲ့ ပွဲမျိုးဖြစ်ပါတယ်။ ပါဒါဘွန်းက တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းထွက်နေပေမယ့် ရလဒ်တွေက မတတ်သေးတော့ တန်းဆင်းရဖို့က ပိုမိုနီးစပ်လာခဲ့ရပါတယ်။ ဒီလို အနေအထားမျိုးဖြစ်နေတဲ့ ပါဒါဘွန်းအသင်းကို လိုက်ပ်ဇစ်တို့ အိမ်ကွင်းမှာ သေချာပေါက်ကို အနိုင်ရယူသင့်ပါတယ်။ လိုက်ပစ်ဇစ်ရဲ့ အိမ်ကွင်းရလဒ်တွေက အကောင်းကြီးမှာ ရှိမနေသေးဘူးဆိုပေမယ့် မိုချန်က မနေ့ညက အရေးနိမ့်ထားတာမို့ လိုက်ပ်ဇစ်ကို အပြည့်အဝ ယုံကြည်လိုက်ချင်ပါတယ်။

ဒေါ့မွန် နဲ့ ဟာသာဘာလင် (စနေနေ့ည၁၁နာရီ)

ဒီပွဲကလည်း ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဟာသာဘာလင်အသင်းကလည်း ဘွန်ဒစ်လီဂါ ပြန်လည်စတင်ချိန်ကနေ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်ခဲ့ပြီး (၄)ပွဲကစားထားရာ (၃)ပွဲအနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရတုန်းကလည်း သရေတစ်မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒေ့ါမွန်တို့အတွက် ဟာသာဘာလင်က ခက်ခဲနိုင်မှာ သေချာပါတယ်။ အသင်းရဲ့တိုက်စစ်မှာ ဟာလန်းပြန်မပါဝင်နိုင်သေးသလို ခံစစ်မှာလည်း ဟမ်းမဲလ်က ပွဲပယ်ခံထားရလို့ အသင်းရဲ့လူအင်အားက အနည်းငယ်အားလျော့နိုင်ပါတယ်။ ဒေါ့မွန်တို့ ကပ်ပြီးတော့သာ နိုင်ဖွယ်ရှိပါတယ်။