ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ နောက်ဆုံးတော့ ပြန်လည် စတင်သွားတော့မှာ ဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့ အစိုးရက ပြန်စတင်ဖို့ ခွင့်ပြုသွားခဲ့ပြီ ဖြစ်တာကြောင့် ဂျာမနီနိုင်ငံ ပြည်တွင်းလိဂ် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ယခုလ မေလ (၁၆) ရက်နေ့မှာ ပြန်လည်စတင်သွားမှာပဲ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ဂျာမနီ ဝန်ကြီးချုပ် နှင့် ဂျာမနီနိုင်ငံက ဝန်ကြီးတွေရဲ့ ပြန်လည် စတင်ကြဖို့ ခွင့်ပြုချက် ရရှိသွားပြီ ဖြစ်တာကြောင့် ယခုလ မေလ (၁၆) ရက်နေ့မှာ ပြန် စတင်သွားတော့မှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို (၁၆) ရက်နေ့ကနေ ကွင်းပိတ် ကစားသွားကြမှာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ဘွန်ဒက်စ်လီဂါ အဖွဲ့အစည်းရဲ့ ဥက္ကဌ ဖြစ်သူ ခရစ်စတီယန် ဆိုက်ဖာတ် (Christian Seifert) က သတင်းစာ ရှင်းလင်းပွဲမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ယခုလ၊ မတ်လ (၁၆) ရက်နေ့မှာ ပြန်လည် စတင်သွားတော့မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက အသင်းတွေဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ပြန်မစခင် ကြိုတင်ပြင်ဆင်မှု အနေနဲ့ လေ့ကျင့်ရေးတွေကို ပြုလုပ်သွားကြမှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ဘယ်အချိန်မှာ ပြန်ကစားမလဲ ဆိုတဲ့ ပွဲစဉ် ဇယားကလည်း အတိအကျ ထွက်ပေါ်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ နောက်ပတ် မတ်လ (၁၆) ရက်နေ့၊ စနေနေ့ညမှာ ကွင်းပိတ် ပြန်စတင်သွားမှာ ဖြစ်ပြီး စနေနေ့ည ကစားသွားကြရမယ့် အသင်းတွေက ဒေါ့မွန် နဲ့ ရှော်ကေး၊ လိုက်ပ်ဇစ် နဲ့ ဖရိုင်းဘတ်၊ ဟော်ဖန်ဟင်မ် နဲ့ ဟာသာဘာလင်၊ ဒစ်ဆယ်ဒေါ့ဖ် နဲ့ ပါဒါဘွန်း၊ အော့်ဘတ်ချ် နဲ့ ဝုလ်ဖ်ဘတ်၊ ဖရန့်ဖတ်နဲ့ မိုချန်ဂလာဘတ်၊ စသဖြင့် ပွဲစဉ် (၆) ပွဲနဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ (၁၆) ရက်နေ့ စနေနေ့ည ပွဲစဉ် ပြီးနောက် (၁၇) ရက်နေ့ တနင်္ဂနွေနေ့ညမှာ ကိုလုံးအသင်း နဲ့ မိန့်ဇ်အသင်း၊ အူန်ယွန်းဘာလင်အသင်း နဲ့ ဘိုင်ယန်မြူးနစ်အသင်း၊ စသဖြင့် ပွဲစဉ် (၂) ပွဲကို ကစားသွားကြမှာ ဖြစ်ပြီး (၁၈) ရက်နေ့ တနင်္လာနေ့ညမှာ ဝါဒါဘရီမင်းအသင်း နဲ့ လေဗာကူဆင် အသင်းတို့က နောက်ဆုံး ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားကြရမှာ ဖြစ်ပါတယ်။

ပွဲစဉ်များ

စနေနေ့ည ပွဲစဉ်များ
– ဒေါ့မွန် & ရှော်ကေး
– လိုက်ပ်ဇစ် & ဖရိုင်းဘတ်
– ဟော်ဖန်ဟင်မ် & ဟာသာဘာလင်
– ဒစ်ဆယ်ဒေ့ါဖ် & ပါဒါဘွန်း
– အော့စ်ဘတ် & ဝုလ်ဖ်ဘတ်
– ဖရန့်ဖတ် & မိုချန်ဂဘာလတ်

တနင်္ဂနွေနေ့ည ပွဲစဉ်များ
– ကိုလုံး & မိန့်ဇ်
– အူန်ယွန်းဘာလင် & ဘိုင်ယန်မြူးနစ်

တနင်္လာနေ့ည ပွဲစဉ်များ
– ဝါဒါဘရီမင် & လေဗာကူဆင်