ပါးမားအသင်းကနေဂျူဗင်တပ်အသင်းထံကိုကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာခဲ့အပြီးမှာဂျူဗင်တပ်အသင်းရဲ့အနိမ့်အမြင့်အတက်အကျအားလုံးနီးပါးမှာပါဝင်ခဲ့တဲ့အသက်၄၂နှစ်အရွယ်ဂိုးသမားကြီးဘူဖွန်ကပီအက်စ်ဂျီအသင်းကနေဂျူဗင်တပ်အသင်းထံပြန်လည်ပြောင်းရွှေ့ခဲ့တာဟာအသင်းဖော်သစ်စီရိုနယ်ဒိုကြောင့်ဖြစ်တယ်လို့ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo credit: Tuttosport.com

     ပြီးခဲ့တဲ့ဘောလုံးရာသီမှာဂျူဗင်တပ်အသင်းမှပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းထံကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ဘူဖွန်ဟာယခုဘောလုံးရာသီအစမှာပဲအသင်းဟောင်းဆီပြန်လည်ပြောင်းရွှေ့ခဲ့သူပါလက်ရှိမှာတော့ဘူဖွန်ကသူဟာစီရိုနယ်ဒိုနဲ့တွဲကစားလိုတာကြောင့်ဂျူဗင်တပ်အသင်းဆီပြန်လည်ပြောင်းရွှေ့လာခဲ့တာပါလို့ဆိုသွားခဲ့ပါတယ်။

Photo Credit: Talksport.com

    စီရိုနယ်ဒိုနဲ့ပတ်သတ်ပြီးဘူဖွန်ကရိုနယ်ဒိုဟာမယုံကြည်နိုင်စရာကောင်းတဲ့အောင်နိုင်သူတစ်ဦးပါ။ကျွန်တော်ဂျူဗင်တပ်အသင်းဆီပြန်လည်ပြောင်းရွှေ့လာရတဲ့အကြောင်းပြချက်တွေထဲမှာသူနဲ့တွဲကစားချင်တဲ့အကြောင်းလဲပါဝင်ပါတယ်လို့ဖွင့်ဟသွားခဲ့တာပါ။