MySport Myanmar

အပြောင်းအရွှေ့ ကောလဟာလတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဖာနန်ဒက်စ် တုံ့ပြန်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်လျက် ရှိနေတဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေကို သူ့အနေနဲ့ ဂရုစိုက်နေမှာ မဟုတ်ကြောင်း နဲ့ ဘာမှ တုံ့ပြန်မှာလည်း မဟုတ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်ကို ဆော်ဒီ ထိပ်သီးကလပ်အသင်းတွေက ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)အထိ အသုံးပြုသွားဖို့အထိပါ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

Photo Credit : Sports Illustrated

ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး “ကျွန်တော် အခု ရှိနေတဲ့ နေရာမှာပဲ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော်က မန်ယူနိုက်တက်အသင်းအတွက်ကိုပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော်က ကောလဟာလတွေကို ဖတ်လေ့မရှိသလို အဲ့ဒါတွေကိုလည်း ဂရုမစ်ိုက်တက်ပါဘူး။”

“ဒီနေ့ခေတ်မှာဆိုရင် အခြေအမြစ်မရှိတဲ့ ကောလဟာလ သတင်းတွေ ဖန်တီးဖို့က အရမ်းအရမ်းကို လွယ်ကူနေပါပြီ။ ဒါတွေကို ကျွန်တော် ဂရုစိုက်နေမှာ မဟုတ်ပဲ ကျွန်တော်ရဲ့ ရည်မှန်းချက်တွေအတွက်ကိုသာ အာရုံစိုက်ထားပါတယ်။” လို့ တုံ့ပြန် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Manchester United

ဆော်ဒီကလပ်တွေကတော့ ဘရူနို ဖာနန်ဒက်စ် တစ်ဦးတည်းသာမကပဲ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက် အသင်းဖော်တွေဖြစ်တဲ့ ကက်စီမဲရိုး ဗာရန်း ဆန်ချိုတို့ကိုပါ ပစ်မှတ်ထားလျက် ရှိနေပြီး ကက်စီမဲရိုး ကိုယ်တိုင်ကလည်း သူ့အနေနဲ့ ယူနိုက်တက်မှာသာ ဆက်ရှိနေမယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။

ဒီနွေမှာတော့ ဆော်ဒီ ထိပ်သီးကလပ်ဖြစ်တဲ့ အယ်လ်နာဆာအသင်းက ယူနိုက်တက်က အဲလက်စ် တဲလက်စ် နဲ့ ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူထားနိုင်ပြီး နောက်ထပ် ကစားသမားဟောင်း ဒေးဗစ် ဒီဂီယာကိုပါ ဆက်လက် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

Exit mobile version