မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဇန်နဝါရီလကမှ အသင်းကို စတင်ရောက်ရှိလာတာဖြစ်ပေမယ့် အသင်းအတွက် အတော်လေးကို ခြေစွမ်းပြထားခဲ့လို့ အခုဆို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုပါ (၂)လဆက်တိုက်အဖြစ်နဲ့ ပိုင်ဆိုင်သွားခဲ့ရပြီပဲဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို သူရောက်လာချိန်ကနေစပြီး အသင်းရဲ့ခြေစွမ်းပိုင်းတွေရော ရလဒ်ပိုင်းတွေပါ တိုးတတ်ကောင်းမွန်လာခဲ့တာ အခုဆိုရင် ယူနိုက်တက်အသင်းဟာဆိုရင်လည်း ပြိုင်ပွဲစုံမှာ (၁၇)ပွဲအထိကို ရှံးပွဲမရှိထားတဲ့အထိ အရမ်းကု် ကောင်းမွန်လွန်းနေသလို ဖာနန်ဒက်စ်ကလည်း ပရီးမီးယားလိဂ်မှာ (၁၀)ပွဲကစားပြီးနောက် (၇)ဂိုးသွင်းယူပြီး (၆)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ အသင်းနဲ့ အံ့ဝင်အောင် ကစားနိုင်ခဲ့တဲ့အပြင် ပေါ့ဘာနဲ့ တွဲဖက်ကစားရချိန်မှာလည်း အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ကစားသမားနှစ်ယောက်ရဲ့ အကောင်းဆုံးအတွဲအဖက် ပြိုင်ဘက်အသင်းတိုင်းရဲ့ ခံစစ်ပိုင်းတွေကို ဒုက္ခပေးကစားလာနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝ စတင်ခဲ့ရတဲ့ ဖေဖော်ဝါရီလမှာကတည်းက သူရဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့လို့ ဖေဖော်ဝါရီ တစ်လတာရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့ ရွေးချယ်ခံခဲ့ရသလို အခု ဘောလုံးပွဲတွေ ပြန်လည်ယှဉ်ပြိုင်ကစားစေတဲ့ ဇွန်လအတွင်းမှာလည်း သူရဲ့သွင်းဂိုးပါဝင်ပတ်သက်မှုက ပွဲတိုင်းနီးပါး ဖြစ်နေခဲ့တာကြောင့် ဇွန်လရဲ့အကောင်းဆုံးဘောလုံးသမားဆုကို ပိုင်ဆိုင်လိုက်ရတာဖြစ်ပြီး ဒီလို ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို (၂)လဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပထမဆုံးသော ပေါ်တူဂီလူမျိုး ဘောလုံးသမားတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံလိုက်ရပါတယ်။