မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းကို သူရဲ့ ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနိုရော်နယ်လ်ဒို ပြန်လည် ရောက်ရှိလာချိန် ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားရချိန်မှာ သူရဲ့ခြေစွမ်းတွေပါ ကျဆင်းလာခဲ့ရတယ်လို့ ဝေဖန်ပြောဆိုကြခြင်းဟာ မျှတမှု မရှိသလို သူကိုယ်တိုင်လည်း လက်မခံနိုင်ကြောင်း တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။

Bruno Fernandes has refused to blame his own poor form on Cristiano Ronaldo

Photo Credit : The Sun

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် သူရဲ့ပထမဆုံးသော ပရီးမီးယားလိဂ် (၅၃)ပွဲအတွင်းမှာပဲ အသင်းအတွက် (၂၉)ဂိုးသွင်း (၁၉)ဂိုးထိ ဖန်တီးနိုင်ခဲ့ပေမယ့် သူရဲ့လက်ရွေးစင်အသင်းဖော် goat ကြီး ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားရချိန်မှာပဲ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အတွက် ဂိုးပါဝင်သတ်မှုတွေက ကျဆင်းလာခဲ့ရသလို အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူ တာဝန်ကိုလည်း ရော်နယ်လ်ဒိုဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။ အခုလို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာက ရော်နယ်လ်ဒိုကြောင့်လို့ ပြစ်တင်လာကြတဲ့အပေါ် ဖာနန်ဒက်စ်က လက်မခံနိုင်ကြောင်း ပြန်လည် တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

Fernandes was the main creative force behind Ronaldo's goal tally last season

Photo Credit : The Sun

ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်စ်က “ပြီးခဲ့တဲ့ ရာသီက ကျွန်တော်ရဲ့ ဖန်တီးမှုတွေဟာ သူ့အတွက်ပါပဲ။ ဒါကြောင့် အခုလို ပြောဆိုမှုတွေက မတရားပါဘူး။ ကျွန်တော်ရဲ့ ကိန်းဂဏန်းတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်ကိုယ်တိုင်ပဲ ဆိုးရွှားတဲ့ ရာသီတစ်ခုကို ရရှိခဲ့တာကြောင့်ပါ။ ဒါက ခရစ္စတီယာနိုနဲ့ ပတ်သတ်တယ်လို့ မထင်ပါဘူး။ သူ ဒီကို ရောက်မလာခင်က ကျွန်တော်က ပင်နယ်တီ ကန်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက ပင်နယ်တီ အခွင့်အရေး နှစ်ကြိမ်ရရှိခဲ့ပြီး အဲ့ဒီနှစ်ကြိမ်လုံးကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ရော်နယ်လ်ဒို ပင်နယ်တီတွေ ကန်သွင်းနေတာကို အပြစ်တင်လို့ မရနိုင်ဘူး။ အထူးသဖြင့်တော့ သူဂိုးသွင်းနိုင်တယ်ဆိုရင်ပေါ့။ ဧပြီလထဲ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော် ပင်နယ်တီ လွဲသွားတုန်းက အဲ့ဒီပင်နယ်တီကို သူက ကျွနတော့်ကို ပေးကန်ခိုင်းခဲ့တာ။ ကျွန်တော် ဒါကို အသုံးမချနိုင်ခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ကျွန်တော့်ကို ယုံကြည်နေတယ်ဆ်ိုတာ ခံစားမိတယ်။ ဒါကြောင့် ကျွန်တော် ဒါတွေကို ခရစ္စတီယာနိုကြောင့်လို့ မထင်မိဘူး။ ဒါတွေက ဂိုးတွေ ဂိုးဖန်တီးမှု လုပ်ဆောင်ရမယ့် အချိန်မှာ ကျွန်တော် အကောင်းဆုံး မလုပ်ဆောင်နိုင်ခဲ့တာကြောင့်ပါပဲ။ ရော်နယ်လ်ဒိုနဲ့ တွဲကစားရရင်း နံပါတ်(၁၀)နေရာမှာ ကစားရတာက အရမ်းကောင်းတယ်။ ကစားသမားအများစုက သူ့ကို စုပြုံ လူကပ်ချိန်မှာ တခြား ကစားသမားတွေအတွက် နေရာလွတ်တွေ ဖြစ်လာတတ်တယ်။ နောက်ပြီး ကျွန်တော် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲမှာလည်း ရော်နယ်လ်ဒို ပါဝင်ခဲ့ခြင်း မရှိပဲ ကျွန်တော် တစ်ဂိုးတည်း သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် ဒါဟာ ရော်နယ်လ်ဒိုကြောင့် မဟုတ်ဘူးဆိုတာ အသိအသာကြီးပါ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။