ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ဟာ ယနေ့ မနက် အစောပိုင်းမှာတော့ သူ့ရဲ့ ဒုတိယမြော​က် ရင်သွေးလေးကို ပိုင်ဆိုင်သွားပြီ လို့ သိရှိရပါတယ်။ ဘရူနို ဖာနန်ဒက်ဟာ ဇနီးသည် အန်နာ ပင်ဟိုနဲ့အတူ သာယာ ချမ်းမြေ့တဲ့ မိသားစု တစ်စုကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ ပထမ ရင်သွေးလေး ဖြစ်တဲ့ သမီးလေး တစ်ဦးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ ဒုတိယမြောက် ရင်သွေး အဖြစ် သားယောက်ျားလေး တစ်ဦးကို ပိုင်ဆိုင်ခဲ့တယ် လို့ သတင်းတွေ အရ သိရပါတယ်။

Photo Credit: Daily Mail

သူနဲ့ ဇနီး ဖြစ်သူ ပင်ဟိုတို့ဟာ ဒုတိယမြော​က် ရင်သွေးလေးကို ရရှိတော့မယ့် အကြောင်းအား လွန်ခဲ့တဲ့ ၅လခန့်ကတည်းက ဖာနန်ဒက်ဟာ ပရိသတ်တွေကို အသိပေးထားခဲ့တာ ဖြစ်ပြီး ယနေ့ မနက်မှာတော့ သူတို့ရဲ့ ဒုတိယမြော​က် ရင်သွေးလေးဟာ လူ့လောကထဲကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရမှာ ကတော့ သူ့ရဲ့ သားဖြစ်သူ မွေးဖွားတဲ့ နေ့ရက်မှာ ဖာနန်ဒက်ဟာ ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှား အသင်းတို့ ကစားခဲ့ပွဲမှာ ပါဝင် ကစားပေးခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်ကတော့ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ တဆင့် သူဟာ ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ခဲ့ပြီ လို့ ပရိသတ်ကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ရတာနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က ” ၂၀၂၀ ခုနှစ်ရဲ့စက်တင်ဘာလ ၆ရက်နေ့ မှာတော့ လူအများစုက ဘရူနို ဖာနန်ဒက်ဟာ ပွဲပြီးသွားတဲ့အထိ ( ခရိုအေးရှားနဲ့ပွဲအား ဆိုလိုလျက် ) ဂိုးမသွင်းနိုင်ခဲ့ဘူး လို့ တွေးကောင်း တွေးနေကြမှာပါ။ သူတို့ အားလုံး မှားယွင်းကြပါတယ်။ ဒီနေ့ ၃၈ပတ်နဲ့ ၆ရက် ကြာပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဘဝမှာ အရေးအပါဆုံး သွင်းဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ် ” လို့ အင်စတာဂရမ်မှာ ရေးသား ဖော်ပြ သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေး အတွက် ဂုဏ်ယူပါတယ် ဘရူနို ဖာနန်ဒက်ရေ…။