စပို႔တင္း ကြင္းလယ္ ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ မန္ယူအသင္းနဲ႔ အေျပာင္းအေ႐ြ႕ ျဖစ္ေျမာက္မႈ အတည္ျပဳခ်က္ မထြက္လာေသးေပမဲ့လည္း စပို႔တင္း ပရိသတ္ေတြကို ႏႈတ္ဆက္သြားၿပီ ျဖစ္ပါတယ္။ Manchester Evening သတင္းက စပို႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ မန္ယူအသင္းကို ေဆးစစ္ဖို႔ ေလဆိပ္ကေန ထြက္လာၿပီလုိ႔ ေဖာ္ျပသြားခဲ့တာေၾကာင့္ မနက္ျဖန္ အေျပာင္းအေရြ႕ ေစ်းကြက္ မပိတ္ခင္ ေခၚယူႏုိင္ေခ် ရွိပါတယ္။

Photo Credit: Gettyimage

နည္းျပ ဆိုးလ္ရွားရဲ႕မန္ယူအသင္းအေနနဲ႔ စပို႔တင္းအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို (၅၅) သန္း ေပးေခ်ဖို႔ သေဘာတူညီသြားခဲ့ၿပီတာေၾကာင့္ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚႏိုင္ေတာ့မယ္လို႔ MEN Sport က ေဖာ္ျပခဲ့ပါတယ္။ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ မန္ယူအသင္းကို အၿပီးသတ္ ေျပာင္းသြားၿပီးလို႔ အတည္ျပဳခ်က္ မထြက္လာေသးေပမဲ့လည္း အင္စတာဂရမ္မွာ တင္သြားခဲ့တဲ့ ပရိသတ္ တစ္ဦးရဲ႕ ပုံကို စာျပန္ခဲ့ၿပီး စပို႔တင္း ပရိသတ္ေတြကို ႏႈတ္ဆက္သြားတာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

အင္စတာဂရမ္မွာ စပို႔တင္း ပရိသတ္ တစ္ဦးက သူ႔ရဲ႕ ပုံ နဲ႔ ဖာနန္ဒက္စ္ရဲ႕ ပုံကို တင္ခဲ့ၿပီး သူက “ႏႈတ္ဆက္ပါတယ္ ဘ႐ူႏို၊ ေကာင္းမြန္တဲ့ ခရီး ျဖစ္ပါေစ”လို႔ ႏႈတ္ဆက္ခဲ့တာကို ဖာနန္ဒက္စ္က ျပန္လည္ စာျပန္ခဲ့ပါတယ္။ ဖာနန္ဒက္စ္က “မင္းတို႔ရဲ႕ မ်က္ရည္ေတြကို ငါ ေမ့မွာ မဟုတ္ပါဘူး။ မင္းတို႔ရဲ႕ မ်က္ရည္ေတြ နဲ႔ စကားလုံးေတြက ငါ့ကို အားျဖစ္ေစခဲ့ပါတယ္။ ေနာက္ေနာင္ တစ္ေန႔ ငါ မင္းတို႔နဲ႔ ျပန္ေတြ႕ရဖို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ အင္စတာဂရမ္မွာ ျပန္ၿပီး စာျပန္သြားပါတယ္။

{Unicode}

စပို့တင်း ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ မန်ယူအသင်းနဲ့ အပြောင်းအရွေ့ ဖြစ်မြောက်မှု အတည်ပြုချက် မထွက်လာသေးပေမဲ့လည်း စပို့တင်း ပရိသတ်တွေကို နှုတ်ဆက်သွားပြီ ဖြစ်ပါတယ်။ Manchester Evening သတင်းက စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ဆေးစစ်ဖို့ လေဆိပ်ကနေ ထွက်လာပြီလို့ ဖော်ပြသွားခဲ့တာကြောင့် မနက်ဖြန် အပြောင်းအရွေ့ ဈေးကွက် မပိတ်ခင် ခေါ်ယူနိုင်ချေ ရှိပါတယ်။

Photo Credit: Gettyimage

နည်းပြ ဆိုးလ်ရှားရဲ့မန်ယူအသင်းအနေနဲ့ စပို့တင်းအသင်းကို ပြောင်းရွှေ့ကြေး ယူရို (၅၅) သန်း ပေးချေဖို့ သဘောတူညီသွားခဲ့ပြီတာကြောင့် ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်နိုင်တော့မယ်လို့ MEN Sport က ဖော်ပြခဲ့ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို အပြီးသတ် ပြောင်းသွားပြီးလို့ အတည်ပြုချက် မထွက်လာသေးပေမဲ့လည်း အင်စတာဂရမ်မှာ တင်သွားခဲ့တဲ့ ပရိသတ် တစ်ဦးရဲ့ ပုံကို စာပြန်ခဲ့ပြီး စပို့တင်း ပရိသတ်တွေကို နှုတ်ဆက်သွားတာ ဖြစ်ပါတယ်။

 

Photo Credit: Gettyimage

အင်စတာဂရမ်မှာ စပို့တင်း ပရိသတ် တစ်ဦးက သူ့ရဲ့ ပုံ နဲ့ ဖာနန်ဒက်စ်ရဲ့ ပုံကို တင်ခဲ့ပြီး သူက “နှုတ်ဆက်ပါတယ် ဘရူနို၊ ကောင်းမွန်တဲ့ ခရီး ဖြစ်ပါစေ”လို့ နှုတ်ဆက်ခဲ့တာကို ဖာနန်ဒက်စ်က ပြန်လည် စာပြန်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က “မင်းတို့ရဲ့ မျက်ရည်တွေကို ငါ မေ့မှာ မဟုတ်ပါဘူး။ မင်းတို့ရဲ့ မျက်ရည်တွေ နဲ့ စကားလုံးတွေက ငါ့ကို အားဖြစ်စေခဲ့ပါတယ်။ နောက်နောင် တစ်နေ့ ငါ မင်းတို့နဲ့ ပြန်တွေ့ရဖို့ မျှော်လင့်မိပါတယ်”လို့ အင်စတာဂရမ်မှာ ပြန်ပြီး စာပြန်သွားပါတယ်။