ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဖာနန်ဒက်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဂွတ်ဒီဆင်ပါ့တ်ကွင်း ထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ လက်ရှိ မန်ယူအသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး ဖာနန်ဒက်ဟာ မန်ယူအသင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေ အားလုံးနဲ့ ပါဝင် ပတ်သတ် နိုင်ခဲ့သလို မန်ယူအသင်းကလည်း ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အဲဗာတန်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆နေရာကနေ အဆင့် ၁၃နေရာ အထိ ရောက်ရှိခဲ့သလို ဘန်လေအသင်းနဲ့ ကစားရမယ့် ပွဲကျန်တစ်ပွဲ ကျန်သေးတာကြောင့် မန်ယူအသင်း အပေါ်မှာ ရှိနေတဲ့ ဖိအားတွေ အတော်အတန် လျော့သွားခဲ့တယ် လို့ ဆိုရမှာပါ။ အဆိုပါ ပွဲစဉ်မှာ မန်ယူအသင်း အတွက် သူရဲကောင်း ဖြစ်ခဲ့သူ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် ဘရူနို ဖာနန်ဒက် ကတော့ အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၇ပွဲ ပါဝင် ကစားထားခဲ့ရာမှာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူ ပေးထားသလို ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro

ဒါ့အပြင် အချက်အလက် မှတ်တမ်းတေွ အရ အဲဗာတန်အသင်းနဲ့ ပွဲစဉ်ဟာ ဖာနန်ဒက် အတွက် မန်ယူအသင်းရဲ့ ကစားသမား ဘဝမှာ ၁၀ပွဲမြောက် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ဖြစ်လာခဲ့ကြောင်း သိရသလို ဖာနန်ဒက်ဟာ အဆိုပါ ၁၀ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း ၁၅ဂိုး (သွင်းဂိုး ၁၀ဂိုး ၊ ဂိုးဖန်တီးမှု ၅ကြိမ်) အထိ ရှိခဲ့ကာ အဆိုပါ ပမာဏဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ဘယ်ကစားသမားမှ မစွမ်းဆောင် နိုင်ခဲ့တဲ့ စွမ်းဆောင်ရည် တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါတင်မကသေးပဲ ဖာနန်ဒက်ဟာ မန်ယူအသင်းထံ ရောက်ရှိချိန်မှစကာ လက်ရှိအချိန် အထိ ပင်နယ်တီ သွင်းဂိုးမပါပဲ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကွင်းလယ် ကစားသမား အဖြစ် ရဂိုး ၇ဂိုးနဲ့ မှတ်တမ်းဝင်နေကြောင်း သိရှိ ရပါတယ်။