မန်ယူအသင်းရဲ့ ကွင်းလယ်လူ ကစားသမား ဖာနန်ဒက်စ်ကတော့ အသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတွေ ပြန်လည် ရရှိလာလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး ဘောလုံး ပြိုင်ပွဲမှာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုကသာ အရေးကြီးတာာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်တာကြောင့် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း အသင်းဖော် ကွင်းလယ်လူ ဖာနန်ဒက်စ် နဲ့ တိုက်စစ်မှူး မေဆွန် ဂရင်းဝုဒ်တို့လို ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ပုံမှန်အောက်ကို ရောက်ရှိနေပါတယ်။

Photo Credit: MEN

 

ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတင်ပြီးနောက် မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်၊ တိုက်စစ်မှူး မေဆွန် ဂရင်းဝုဒ်၊ ကွင်းလယ်လူ ပေါ့ဘာ၊ တိုက်စစ်မှူး မာရှယ်တို့ဟာ ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပြီး မန်ယူအသင်းကလည်း ပြိုင်ပွဲစုံ (၁၇) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့စဉ်ကတည်းက မန်ယူအသင်းအတွက် သွင်းဂိုး (၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၂) ကြိမ်ပဲ ပြုလုပ်ထားပြီး မန်ယူ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကတော့ ရက်ချ်ဖို့ဒ်အနေနဲ့ ဂိုးတွေ ပြန်သွင်းနိုင်လိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: MEN

 

ဖာနန်ဒက်စ်က “ရက်ချ်ဖို့ဒ်က ဂိုးတွေ အများကြီး မသွင်းဘူးလို့ လူတိုင်းက ပြောနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူက အလွန် ကြိုးစားနေပါတယ်။ သူ ကစားနေတဲ့ ဒီအခု ပွဲစဉ်တွေမှာ သူ သွင်းဂိုးတွေ မသွင်းဘဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်းသာ ဆိုရင် သူ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတွေ ပိုပြီး ရရှိလာပါလိမ့်မယ်။ ပွဲစဉ်တစ်ပွဲ နဲ့ ဘောလုံး ပြိုင်ပွဲမှာ ဂိုး နဲ့ ဂိုးဖန်တီးမှုကပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အသင်းက အရေးကြီးတာပါ။ ရက်ချ်ဖို့ဒ်ကတော့ အသင်းအတွက် ကောင်းစွာ ကစားနေပါတယ်။ ရက်ချ်ဖို့ဒ်အနေနဲ့ သွင်းဂိုးတွေ ပို ရလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုရင် သူက လက်ရှိ အသင်းအတွက် လုပ်ပေးနေတာတွေ အတွက် သွင်းဂိုးနဲ့ ထိုက်တန်ပါတယ်။ ဒါကို လူတိုင်းက မမြင်ကြပါဘူး”လို့ ပြောသွားပါတယ်။