မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔အတြက္ အလြန္အမင္း နီးစပ္ေနတဲ​့ အေနအထားတစ္ခုကို ေရာက္ရွိေနၿပီလို႔ ေပၚတူဂီသတင္းစာေတြနဲ႔ အဂၤလန္သတင္းဌာနေတြက တညီတညြတ္တည္း ေဖာ္ျပလိုက္ၾကပါတယ္။

Photo Credit: Sky Sports.com

ယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ အသင္းရဲ့ အဓိက ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ေပါ့ဘာနဲ႔ေတာ္မီေနးတို႔ကို လက္လႊတ္ထားရတာေၾကာင့္ အားနည္းေနတဲ့ ကြင္းလယ္ပိုင္းအတြက္ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဖာနန္ဒက္စ္အေနနဲ႔လည္း ယူနိုက္တက္အသင္းထံကို ေျပာင္းေရႊ႕ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ထားၿပီးၿပီလို႔ သိထားရပါတယ္။

Photo Credit: Sky Sports.com

လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ယူနိုက္တက္အေနနဲ႔ ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕ကို ယေန႔ ဒါမွမဟုတ္ မနက္ျဖန္မွာပဲ အၿပီးသတ္နိုင္ဖို႔ ႀကိဳးစားလုပ္ေဆာင္ေနေၾကာင္းနဲ႔ အဆိုပါအေျပာင္းအေရႊ႕ အၿပီးသတ္ဖို႔ဟာ ယူနိုက္တက္အသင္းရဲ့ ကစားသမား အငွားခ်မွုအေပၚ မူတည္ေနတယ္လို႔ ေပၚတူဂီသတင္းဌာနေတ​ြက ေဖာ္ျပထားခဲ့ၾကပါတယ္။

Photo Credit: Sky Sports.com

ယူနိုက္တက္အသင္းဟာ စပို႔တင္းအသင္းကို ဖာနန္ဒက္စ္အတြက္ ယူရို၆၀သန္း ေျပာင္းေရႊ႕ေၾကးနဲ႔အတူ အသင္းရဲ့ေနာက္ခံလူ ရိုဂ်ိဳကို အလိုက္ေပးဖို႔ စဥ္းစားထားၿပီး အသင္းရဲ့လူငယ္ ကစားသမားေတြျဖစ္တဲ့ အိန္ဂ်ယ္ဂိုးမက္စ္နဲ႔ ဂ်ိဳရယ္ပါရဲယားတို႔ကို အငွားခ်ေအးမယ္လို႔ ကမ္းလွမ္းထားၿပီး ဖာနန္ဒက္စ္နဲ႔ယူနိုက္တက္တို႔ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာဖို႔ ဂိုးမက္စ္နဲ႔ ပါရဲယားတို႔ရဲ့ ဆုံးျဖတ္ခ်က္အေပၚ မူတည္ေနပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အလွန်အမင်း နီးစပ်နေတဲ​့ အနေအထားတစ်ခုကို ရောက်ရှိနေပြီလို့ ပေါ်တူဂီသတင်းစာတွေနဲ့ အင်္ဂလန်သတင်းဌာနတွေက တညီတညွတ်တည်း ဖော်ပြလိုက်ကြပါတယ်။

Photo Credit: Sky Sports.com

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့တော်မီနေးတို့ကို လက်လွှတ်ထားရတာကြောင့် အားနည်းနေတဲ့ ကွင်းလယ်ပိုင်းအတွက် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖာနန်ဒက်စ်အနေနဲ့လည်း ယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက်ချထားပြီးပြီလို့ သိထားရပါတယ်။

Photo Credit: Sky Sports.com

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို ယနေ့ ဒါမှမဟုတ် မနက်ဖြန်မှာပဲ အပြီးသတ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်းနဲ့ အဆိုပါအပြောင်းအရွှေ့ အပြီးသတ်ဖို့ဟာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အငှားချမှုအပေါ် မူတည်နေတယ်လို့ ပေါ်တူဂီသတင်းဌာနတေ​ွက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Sky Sports.com

ယူနိုက်တက်အသင်းဟာ စပို့တင်းအသင်းကို ဖာနန်ဒက်စ်အတွက် ယူရို၆၀သန်း ပြောင်းရွှေ့ကြေးနဲ့အတူ အသင်းရဲ့နောက်ခံလူ ရိုဂျိုကို အလိုက်ပေးဖို့ စဉ်းစားထားပြီး အသင်းရဲ့လူငယ် ကစားသမားတွေဖြစ်တဲ့ အိန်ဂျယ်ဂိုးမက်စ်နဲ့ ဂျိုရယ်ပါရဲယားတို့ကို အငှားချအေးမယ်လို့ ကမ်းလှမ်းထားပြီး ဖာနန်ဒက်စ်နဲ့ယူနိုက်တက်တို့ အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ ဂိုးမက်စ်နဲ့ ပါရဲယားတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။