မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဘရိုင်ယန် ရော်ဆန် (Bryan Robson) ကတော့ ဖာနန်ဒက်စ်မှာ ပင်ကိုယ် ခေါင်းဆောင်မှု စွမ်းရည် ရှိနေတယ်လို့ ပြောပြသွားခဲ့ပါတယ်။ ဘရိုင်ယန် ရာ်ဆန်က ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ စပို့တင်း လစ္စဘွန်အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် ကစားခဲ့တာကြောင့် ဦးဆောင်နိုင်စွမ်း ရှိတယ်လို့ ပြောကြားသွားပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ စပို့တင်းအသင်းကနေ မန်ယူအသင်းကို ပြောင်းရွေ့လာခဲ့ပြီး မန်ယူအသင်းမှာ ခြေစွမ်းပြ ကစားလျက် ရှိပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းမှာ အသင်းဖော်တွေကို ကူညီပေးတဲ့ လုပ်ရပ် နဲ့ ကွင်းထဲမှာ အသင်းဖော်တွေကို ကူညီပေးတဲ့ လုပ်ရပ်ကြောင့် နာမည်ကောင်းထွက်ခဲ့ပါတယ်။ သူဟာ ကွင်းထဲမှာ အသင်းဖော်တွေကို လမ်းညွန်မှု ပေးလေ့ ရှိပြီး မန်ယူအသင်းကို ရောက်လာပြီး (၂) လခွဲအကြာမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ မန်ယူ ကစားသမားဟောင်း ဘရိုင်ယန် ရော်ဆန်ဟာ ဖာနန်ဒက်စ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို သတိထားမိခဲ့ပြီး ပင်ကိုယ် ခေါင်းဆောင်မှု စွမ်းရည် ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘရိုင်ယန် ရော်ဆန်က “ဖာနန်ဒက်စ်က စပို့တင်း လစ္စဘွန်အသင်းမှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့တာကြောင့် သူ့ကို အကူအညီ ဖြစ်စေခဲ့ပါတယ်။ ခေါင်းဆောင်မှု စွမ်းရည်က သူ့အထဲမှာ အလိုအလျှောက် ရှိနေခဲ့ပါတယ်။ သူ့မှာ ပင်ကိုယ် ခေါင်းဆောင်မှု စွမ်းရည် ရှိပြီး သူ့ရဲ့ အသင်းဖော်တွေ အတွက် အသုံးချပါတယ်။ အဲဒါက သိပ် ကောင်းပါတယ်။ သူ ကွင်းထဲကို ရောက်သွားပြီဆိုရင် သူက တိုက်ရိုက်သမား ဖြစ်ပေမဲ့ သူ့ရဲ့ အသင်းဖော်တွေကို လိုက်ကြည့်ပြီး ကူညီပေးပါတယ်။ သူက သူ့အသင်းဖော်တွေကို အားထည့်ဖို့ ပြောပါတယ်။ သူ့အသင်းဖော်တွေကို သူ လိုချင်တဲ့ နေရာမှာ ရှိစေနိုင်ပါတယ်။ ဒါက သိပ် ကောင်းပါတယ်”လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။