ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်ခင် ယူနိုက်တက်အသင်းဘက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ သတင်းထောက်တွေရဲ့ မေးမြန်းသမျှကို ယူနိုက်တက်နည်းပြ ရန်းနစ်နဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်တို့က ပြန်လည်ဖြေဆိုသွားခဲ့ပြီး ရန်းနစ်ရဲ့နည်းစနစ်အောက်မှာ ယူနိုက်တက် ကစားသမားတွေ ပျော်ရွှင်နေခြင်းမရှိဘူးလို့ သတင်းထွက်နေကြောင်း မေးမြန်းလာခဲ့ရာ သူတို့အသင်းသားတွေအနေနဲ့ ရန်းနစ်ရဲ့ နည်းစနစ်တွေအောက်မှာ အဆင်ပြေနေတယ်လို့ ဖာနန်ဒက်စ်က ရှင်းလင်းဖြေဆိုသွားခဲ့ပါတယ်။

Rangnick has lost just one of his 15 games so far during his Manchester United tenure

Photo Credit : Daily Mail

ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်လို့နေတဲ့ ရန်းနစ်ဟာ သူကိုင်တွယ်နေစဉ်အတွင်း အသင်းကို ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၁)ပွဲသာ ရရှိထားတဲ့အပြင် အမှတ်ပေးဇယားမှာလည်း အဆင့်(၄)နေရာရောက်အောင် စွမ်းဆောင်ထားနိုင်ပေမယ့် သူရဲ့နည်းစနစ်တွေနဲ့ စီမံခန့်ခွဲမှုတွေအပေါ်မှာ ယူနိုက်တက် အသင်းသားတွေက မကျေမနပ် ဖြစ်နေတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ကွင်းလယ်လူ ဖာနန်ဒက်စ်က ငြင်းဆန်သွားခဲ့ပြီး ရန်းနစ်ရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အသင်းသား တစ်စုံတစ်ယောက်က ညည်းညူနေတာမျိုးကို သူတစ်ခါမှ မကြားဖူးသေးဘူးလို့ပါ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Bruno Fernandes hit back at claims that Man Utd players dislike Ralf Rangnick's approach

Photo Credit : Daily Mail

ဖာနန်ဒက်စ်က “အသင်းရဲ့ Formation နဲ့ပတ်သက်ပြီး နည်းပြနဲ့ သူရဲ့နည်းပြအဖွဲ့ဝင်တွေထက် ဘယ်သူကမှ အဲ့ဒါကို စိတ်ပူပန်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အသင်းသားတွေက နည်းပြကနေ ကျွန်တော်တို့အတွက် အကောင်းဆုံး နည်းလမ်းလို့ ထင်နေတာကိုပဲ လိုက်နာသွားရမှာပါ။ ကလပ်အသင်းမှာတော့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်ကနေ စောဒက်တတ်နေတာမျိုးတွေ ညည်းညူးနေတာမျိုးကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ ဘယ်သူကမှလည်း ဒီလို လုပ်လိမ့်မှာ မဟုတ်ဘူးလို့ပဲ မျှော်လင့်မိပါတယ်။ ဒါ လေးစားမှုလည်း မရှိပါဘူး”လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နည်းပြရန်းနစ်ဟာ ယူနိုက်တက်အသင်းကို လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် (၁၂)ပွဲထိ ကိုင်တွယ်ထားခဲ့ပြီးနောက် ဝုလ်ဗ်နဲ့ပွဲစဉ် တစ်ပွဲတည်းကိုသာ အရေးနိမ့်ထားခဲ့ပေမယ့် နယူးကာဆယ် ဗီလာ ဘန်လေ ဆောက်သမ်တန်အသင်းတွေကို သရေကျထားခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေကိုတော့ အနိုင်ရထားခဲ့ပါတယ်။ ရန်းနစ်ရဲ့ ယူနိုက်တက်အသင်းက လက်ရှိ အဆင့်(၄)နေရာကို ရောက်ရှိနေပေမယ့် သူရဲ့အောက်က အာဆင်နယ် ဝုလ်ဗ် စပါးတို့ထက် ပွဲအရေအတွက် ပိုကစားထားခဲ့ရတဲ့အပြင် လာမယ့်မတ်လထဲမှာလည်း ပွဲကျပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ရမှာဖြစ်လို့ ဒီကာလထဲမှာပါ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။