လက္ရွိ အေျပာင္းအေရႊ႕ေဘာလုံးရာသီမွာေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ နီးစပ္လ်က္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလ်က္ရွိေနပါတယ္။ ဒီတစ္ခါမွာေတာ့ အဆိုပါသတင္းေတြကို ေထာက္ခံအားေပးတဲ့ သတင္းတစ္ပုဒ္ဟာ ပရိသတ္ေတြၾကားထဲမွာ ပ်ံ႕ႏွံ့ေနခဲ့ပါတယ္။
Photo Credit: Metro.com
အဲ့ဒီသတင္းကေတာ့ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းရဲ့ ေလ့က်င့္ေရးကြင္း ျဖစ္တဲ့ ကာရင္တန္ေလ့က်င့္ေရးကြင္းဆီကို ေရာက္လာခဲ့တယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ အဂၤလန္သတင္းစာတစ္ခုဟာ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ေရာက္လာခဲ့တဲ့ လူတစ္ဦးရဲ့ ဓာတ္ပုံကို ေဖာ္ျပခဲ့ၿပီး အဆိုပါလူဟာ ဘ႐ူနို ဖာနန္ဒက္စ္လို႔ ယူဆ၍ရနိုင္ေၾကာင္း ေရးသား ေဖာ္ျပထားခဲ့ပါတယ္။
Photo Credit: Metro.com
အဆိုပါဓာတ္ပုံထဲမွာ လူတစ္ဦးဟာ ကားေနာက္ခန္းမွာ လ်ိဳ႕ဝွက္စြာ လိုက္ပါလာတာကို ျမင္ေတြ႕ရၿပီး ကားကို ဓာတ္ပုံရိုက္ခဲ့ခ်ိန္မွာ အဆိုပါလူဟာ သူ႔ရဲ့မ်က္ႏွာကို လက္ဝါးနဲ႔ ကာခဲ့ပါတယ္။ ဒါေပမယ့္ ဓာတ္ပုံထဲမွာေတာ့ အဆိုပါလူရဲ့ မ်က္ႏွာတစ္ဝက္ကို ျမင္ေတြ႕ခဲ့ရၿပီး အဆိုပါလူဟာ ဘ႐ူနိုဖာနန္ဒက္စ္နဲ႔အေတာ္ေလး ဆင္တူေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
Photo Credit: Metro.com
လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ဘ႐ူနိုဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕အတြက္ စပို႔တင္းအသင္းရဲ့ အားကစားဒါရိုက္တာနဲ႔ အသင္းဥကၠဌတို႔ဟာ လန္ဒန္ၿမိဳ႕ကို ေရာက္ေနေၾကာင္း သိရွိထားရပါတယ္။ ေနာက္ဆုံးရ သတင္းေတြရဲ့အဆိုအရ ယူနိုက္တက္ဟာ ယူရို ၆၀သန္းနဲ႔အတူ ကစားသမားတစ္ဦးကို အငွားခ်မယ့္ ကမ္းလွမ္းခ်က္နဲ႔ ဘ႐ူနိုဖာနန္ဒက္စ္ကို ကမ္းလွမ္းမွာျဖစ္ေၾကာင္း သိထားရပါတယ္။
လက်ရှိ အပြောင်းအရွှေ့ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် နီးစပ်လျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ အဆိုပါသတင်းတွေကို ထောက်ခံအားပေးတဲ့ သတင်းတစ်ပုဒ်ဟာ ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်။
Photo Credit: Metro.com
အဲ့ဒီသတင်းကတော့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်တဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီကို ရောက်လာခဲ့တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အင်္ဂလန်သတင်းစာတစ်ခုဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တဲ့ လူတစ်ဦးရဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး အဆိုပါလူဟာ ဘရူနို ဖာနန်ဒက်စ်လို့ ယူဆ၍ရနိုင်ကြောင်း ရေးသား ဖော်ပြထားခဲ့ပါတယ်။
Photo Credit: Metro.com
အဆိုပါဓာတ်ပုံထဲမှာ လူတစ်ဦးဟာ ကားနောက်ခန်းမှာ လျို့ဝှက်စွာ လိုက်ပါလာတာကို မြင်တွေ့ရပြီး ကားကို ဓာတ်ပုံရိုက်ခဲ့ချိန်မှာ အဆိုပါလူဟာ သူ့ရဲ့မျက်နှာကို လက်ဝါးနဲ့ ကာခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံထဲမှာတော့ အဆိုပါလူရဲ့ မျက်နှာတစ်ဝက်ကို မြင်တွေ့ခဲ့ရပြီး အဆိုပါလူဟာ ဘရူနိုဖာနန်ဒက်စ်နဲ့အတော်လေး ဆင်တူနေတာကို မြင်တွေ့ခဲ့ရပါတယ်။
Photo Credit: Metro.com
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့အတွက် စပို့တင်းအသင်းရဲ့ အားကစားဒါရိုက်တာနဲ့ အသင်းဥက္ကဌတို့ဟာ လန်ဒန်မြို့ကို ရောက်နေကြောင်း သိရှိထားရပါတယ်။ နောက်ဆုံးရ သတင်းတွေရဲ့အဆိုအရ ယူနိုက်တက်ဟာ ယူရို ၆၀သန်းနဲ့အတူ ကစားသမားတစ်ဦးကို အငှားချမယ့် ကမ်းလှမ်းချက်နဲ့ ဘရူနိုဖာနန်ဒက်စ်ကို ကမ်းလှမ်းမှာဖြစ်ကြောင်း သိထားရပါတယ်။