အခုေဆာင္းရာသီေဘာလုံးေစ်းကြက္အတြင္းမွာ ကစားသမားအေျပာင္းအေရႊ႕ေတြ အနည္းငယ္ေအးစက္လုိ႔ေနစဥ္အတြင္းမွာ စပုိ႔တင္းလစၥဘြန္းအသင္းရဲ႕ေပၚတူဂီလက္ေရြးစင္ ကြင္းလယ္တုိက္စစ္ကစားသမား ဘရူႏုိဖာနန္ဒက္စ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ၾကားမွာ သတင္းေတြ ျပန္လည္ထြက္ေပၚလာခဲ႔လုိ႔ ေဘာလုံးပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာ ျဖစ္လာခဲ႔ရၿပီး ကြ်န္ေတာ္တုိ႔ရဲ႕MySport Myanmar ပရိသတ္ေတြကလည္း ဒီအေၾကာင္းအရာနဲ႔ပတ္သက္လုိ႔ ေနာက္ဆုံးရထားတဲ႔ အခ်က္အလက္ေတြကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ေနာက္ဆုံးရလာခဲ႔တဲ႔ သတင္းေတြအရ ယူႏုိက္တက္အသင္းဟာ အသက္၂၅ႏွစ္အရႊယ္ ကြင္းလယ္တုိက္စစ္ကစားသမားကုိ ေခၚယူဖုိ႔အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္၅၁သန္းနဲ႔ ေခၚယူဖုိ႔ သေဘာတူညီမႈ ရယူႏုိင္ခဲ႔ၿပီး တစ္ပတ္လုပ္ခ ေပါင္၁သိန္းဝန္းက်င္နဲ႔ ၂၀၂၅ခုႏွစ္အထိ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိမယ္လုိ႔လည္း သိရွိရပါတယ္။ ဖာနန္ဒက္စ္ရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ယူႏုိက္တက္နဲ႔ စပုိ႔တင္းအသင္းတုိ႔ၾကားမွာ ၿပီးခဲ႔တဲ႔တစ္ပတ္ကတည္းကေန ေဆြးေႏြးမႈေတြကုိ စတင္ျပဳလုပ္ခဲ႔တာျဖစ္ၿပီး စာခ်ဳပ္ဖ်က္သိမ္းမႈအရ ေပါင္၈၅သန္းေလာက္ ရွိေနေပမယ့္လည္း ညိွႏႈိင္းမႈေတြအၿပီးမွာေတာ့ ေပါင္၅၁သန္းခန္႔နဲ႔ သေဘာတူညီႏုိင္ခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းဟာ လက္စတာအသင္းရဲ႕အဂၤလန္လက္ေရြးစင္ ကြင္းလယ္ကစားသမား ဂ်ိမ္းစ္မက္ဒီဆန္ကုိ ေခၚယူဖုိ႔အတြက္ အဓိကပစ္မွတ္ထားခဲ႔တာျဖစ္ေပမယ့္လည္း လက္စတာက သူတုိ႔ရဲ႕ၾကယ္ပြင့္ကစားသမားကုိ ေရာင္းခ်ဖုိ႔ လုံးဝအစီအစဥ္မရွိတာေၾကာင့္ အခုလုိ ဘရူႏုိဖာနန္ဒက္စ္ဘက္ကုိလည္း ျမွားဦးလွည့္လာခဲ႔တာျဖစ္ပါတယ္။ ယူႏုိက္တက္က ဖာနန္ဒက္စ္ကုိ ၿပီးခဲ႔တဲ႔ ေႏြေစ်းကြက္တုန္းကတည္းက ေခၚယူဖုိ႔ ႀကိဳးစားခဲ႔ဖူးၿပီး ေျပာင္းေရႊ႕ေၾကးေပါင္း ညိွႏႈိင္းမရခဲ႔တာေၾကာင့္ မေခၚယူႏုိင္ခဲ႔တာျဖစ္ပါတယ္။ အခုေတာ့ အသင္းရဲ႕ကြင္းလယ္ပုိင္းမွာ ေပါ့ဘာ တြမ္မီေနးတုိ႔လုိ အဓိက ကစားသမားေတြက ဒဏ္ရာျပသာနာေတြနဲ႔ ရင္ဆုိင္ေနရၿပီး ေပါ့ဘာကလည္း အသင္းကေန ထြက္ခြာဖုိ႔ အေျခအေနမ်ားေနလုိ႔ သူရဲ႕ေနရာအတြက္ ဖာနန္ဒက္စ္ကုိ အရေခၚယူခ်င္ေနတာျဖစ္ပါတယ္။ ယူႏုိက္တက္က ဖာနန္ဒက္စ္အတြက္ အသင္းက ကစားသမား၂ဦးေလာက္ကုိ အလုိက္ေပးကမ္းလွမ္းဖုိ႔ရွိေနၿပီးေတာ့ ဒီရက္ပုိင္းအတြင္းမွာပဲ အေျပာင္းအေရႊ႕ကုိ အၿပီးသတ္ႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္လ်က္ရွိေနပါတယ္။

(Unicode)

ယူနိုက်တက်နဲ့ ဘရူနိုဖာနန်ဒက်စ်တုုိ့ရဲ့နောက်ဆုံးရ အပြောင်းအရွှေ့သတင်း

အခုဆောင်းရာသီဘောလုံးစျေးကွက်အတွင်းမှာ ကစားသမားအပြောင်းအရွှေ့တွေ အနည်းငယ်အေးစက်လို့နေစဉ်အတွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြားမှာ သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့လို့ ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ရပြီး ကျွန်တော်တို့ရဲ့MySport Myanmar ပရိသတ်တွေကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်လို့ နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

နောက်ဆုံးရလာခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အသက်၂၅နှစ်အရွှယ် ကွင်းလယ်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်၅၁သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်၁သိန်းဝန်းကျင်နဲ့ ၂၀၂၅ခုနှစ်အထိ ၅နှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရှိရပါတယ်။ ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့ စပို့တင်းအသင်းတို့ကြားမှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းကနေ ဆွေးနွေးမှုတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းမှုအရ ပေါင်၈၅သန်းလောက် ရှိနေပေမယ့်လည်း ညှိနှိုင်းမှုတွေအပြီးမှာတော့ ပေါင်၅၁သန်းခန့်နဲ့ သဘောတူညီနိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းဟာ လက်စတာအသင်းရဲ့အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကို ခေါ်ယူဖို့အတွက် အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း လက်စတာက သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ လုံးဝအစီအစဉ်မရှိတာကြောင့် အခုလို ဘရူနိုဖာနန်ဒက်စ်ဘက်ကိုလည်း မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး ပြောင်းရွှေ့ကြေးပေါင်း ညှိနှိုင်းမရခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ တွမ်မီနေးတို့လို အဓိက ကစားသမားတွေက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး ပေါ့ဘာကလည်း အသင်းကနေ ထွက်ခွာဖို့ အခြေအနေများနေလို့ သူရဲ့နေရာအတွက် ဖာနန်ဒက်စ်ကို အရခေါ်ယူချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်က ဖာနန်ဒက်စ်အတွက် အသင်းက ကစားသမား၂ဦးလောက်ကို အလိုက်ပေးကမ်းလှမ်းဖို့ရှိနေပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။