ပြီးခဲ့တဲ့ရက်ပိုင်းက အဘူဒါဘီမှာ ကျင်းပခဲ့တဲ့ world cup break ကလပ်အသင်း ခြေစမ်းပွဲစဉ်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်သော ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာတို့ ကစားခဲ့ရာ ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာက ဒဏ်ရာရရှိသွားခဲ့ပြီး ချက်ချင်း လူစားလဲခဲ့ရသလို အခု ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးချိန်မှာလည်း ဘရိုဟာအနေနဲ့ အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အနားယူသွားရတော့မယ်လို့ အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Sun

အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘရိုဟာ ဗီလာနဲ့ ခြေစမ်းပွဲအတွင်း ဗီလာနောက်ခံလူ ကွန်ဆာနဲ့ ထိခိုက်မိရင်းကနေ သူရဲ့ညာဘက်ဒူး နာကျင်သွားခဲ့ရပြီး နာကျင်မှုဒဏ်ကို အလူးအလဲခံရရင်း ကွင်းထဲကနေ stretcher နဲ့ပါ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ဘရိုဟာရဲ့ ဒဏ်ရာအပေါ် ကနဦး တုံ့ပြန်ချက်တွေအရ ကစားသမားတိုင်းအတွက် အလွန် ဆိုးရွှားစေနိုင်တဲ့ ဒူးအရွှတ်ဒဏ်ရာ ACL မျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပြီး ဒဏ်ရာကို အသေအချာ စစ်ဆေးပြီးချိန်မှာတော့ တကယ် ACL injurie ဖြစ်နေတာကြောင့် အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

Chelsea dealt big injury blow as Armando Broja stretchered off in friendly against Aston Villa | Evening Standard

Photo Credit : Evening Standard

ချယ်လ်ဆီးအသင်းဟာ အသင်းတိုက်စစ်မှာ အူဘာမီယန်း စတာလင် ဘရိုဟာ ဇီယက်ရှ် ပူလီဆစ်တို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပေမယ့် ပူလီဆစ်နဲ့ ဇီယက်ရှ်တို့က အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေသလို စတာလင်ရော အူဘာမီယန်းပါ ပုံမှန်ခြေစွမ်းမျိုး ပြသဖို့အတွက် ရုန်းကန်နေရတာကြောင့် ဘရိုဟာရဲ့ ဒဏ်ရာက အသင်းအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေမှာ ချယ်လ်ဆီးတို့ ဆောင်းဈေးကွက်ထဲ ကစားသမားသစ် ခေါ်ယူလာနိုင်မယ်လို့ ယူဆနိုင်ပေမယ့် နွေဈေးကွက်ကတည်းက အသုံးကြမ်းထားခဲ့တာတွေကြောင့် ဇန်နဝါရီမှာပါ နောက်ထပ် ငွေကြေး သုံးစွဲမှုတွေ ထပ်မံ လုပ်ဆောင်လာဦးပါ့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးက ဘာစီလိုနာကနေ ထွက်ခွာဖွယ် ရှိနေတဲ့ နယ်သာလန် တိုက်စစ်မှူး မန်ဖစ်ဒီပိုင်းကို ပစ်မှတ်ထားနေသလို ၂၀၂၃မှာ ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲသွားတော့မယ်လို့ သတင်းထွက်လာခဲ့သူ ဆာဘီးယား တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကိုလည်း စိတ်ဝင်စားနေပါတယ်။ ချယ်လ်ဆီးက လက်ရှိမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတာဖြစ်လို့ ဒီကစားသမားနှစ်ဦးထဲကမှ ၂၀၂၃ ဇူလိုင်မှာ စာချုပ် ကုန်ဆုံးမယ့်တော့မယ့် ဒီပိုင်းက cut-price ဈေးနှုန်းလောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ အနည်းဆုံးတော့ ဒီပိုင်းကို ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။