အိုင်းယတ်စ်အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဘရိုင်ယန်ဘရော်ဘီက သူ့ကို နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်မှာ လာရောက်ကစားဖို့ အကြောင်းကြားခဲ့ပေမယ့် သူ့အရည်အသွေးတွေကို သက်သေပြဖို့အတွက် အိုင်းယတ်စ်မှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ ယူနိုက်တက်က သူရဲ့ Dream Team ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Ajax star Brobbey reveals he rejected Man Utd transfer after being  contacted by Ten Hag | Goal.com US

Photo Credit : Goal

အသက်(၂၀)အရွယ်ရှိ နယ်သာလန် ယူ-၁၇ ကစားသမား ဘရော်ဘီဟာ နယ်သာလန် ကစားသမားကောင်းတွေ မွေးထုတ်ပေးနေကြဖြစ်တဲ့ အိုင်းယတ်စ် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး လက်ရှိ ယူနိုက်တက်နည်းပြဖြစ်နေတဲ့ တန်ဟက်ဂ်က ဘရော်ဘီကို အိုင်းယတ်စ် စီနီယာအသင်းမှာ စတင် နေရာပေးခဲ့တာ ဖြစ်ပါတယ်။ အိုင်းယတ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ပေမယ့် လိုက်ဇ်ပစ်မှာ ရာသီဝက်သာ ကစားခဲ့ရပြီး အိုင်းယတ်စ်ကို အငှားနဲ့ ပြန်ရောက်လာခဲ့သလို ဒီနွေစျေးကွက်မှာပဲ ယူရို(၁၆.၃၅)သန်းနဲ့ပါ အပြီးသတ် ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Manchester United expecting Brian Brobbey to join Ajax but confident of  Christian Eriksen deal - Manchester Evening News

Photo Credit : Manchester Evening News

ဘရော်ဘီဟာ အိုင်းယတ်စ်ကို အပြီးသတ် ပြန်လည် မပြောင်းရွှေ့ခင်က ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို သူကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ချင်သလို စကားတွေ ပြောဆိုခဲ့ပါသေးတယ်။ အခုလည်း ဘရော်ဘီက ESPN နဲ့ အင်တာဗျူးမှာ ဘရော်ဘီက “စိတ်ကူးအိမ်မက်အသင်းလား။ မန်ချက်စတာယူနိုက်တက်ပါ။ အဲရစ်က ကျွန်တော့်ကို message တစ်စောင် ပို့ခဲ့ပါသေးတယ်။ ကျွန်တော့်ကို ဂုဏ်ပြုစကား ပြောဆိုဖို့နဲ့ သူက ကျွန်တော့်ကို မန်ချက်စတာယူနိုက်တက်အသင်းမှာ လာကစားစေချင်တယ်ဆိုပြီး အသိပေးဖို့ပါ။ အဲ့ဒီအတွက်လည်း ကျွန်တော် ဂုဏ်ယူမိတယ်။ ဒါပေမယ့် ကျွန်တော် အိုင်းယတ်စ်မှာ မပြီးဆုံးနိုင်သေးပါဘူး။ ဒီမှာ ကျွန်တော် လုပ်ပြချင်တာတွေ ရှိနေပါသေးတယ်။ ကျွန်တော်ရဲ့ အရည်အသွေးတွေကို ဒီနေရာမှာ ပထမဆုံး ထုတ်ပြသွားချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူချိန်ကတည်းက သူ့အသင်းဟောင်း အိုင်းယတ်စ်ရဲ့ ကစားသမားတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အန်တိုနီတို့ကို ယူနိုက်တက်အသင်းဆီ အရ ခေါ်ဆောင်နိုင်ခဲ့သလို နောက်ခံလူတင်ဘာနဲ့ တိုက်စစ်မှူး ဘရော်ဘီတို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။