ဒီႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ အေျခအေနအေကာင္းဆုံးျဖစ္လုိ႔ေနတဲ႔ လီဗာပူးလ္အသင္းၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ႕ဒုတိယေျမာက္အေဝးကြင္းအေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ထားခံရတဲ႔ ခ်ယ္လ္ဆီးအသင္းဟာ ဒီေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၂၁)အျဖစ္ ဘရုိက္တန္အသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ရင္ဆုိင္ခဲ႔ၿပီး တစ္ဖက္ကုိ ၁ဂုိးစီနဲ႔ သေရက်သြားခဲ႔ရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ နာက္ပုိင္းပြဲစဥ္ေတြမွာ  ဆက္တုိက္အသုံးျပဳျဖစ္ခဲ႔တဲ႔ ၃-၄-၃ ကစားကြက္ ဆက္လက္သုံးစြဲလာျခင္းမရွိပဲ ၄-၂-၃-၁ ကစားကြက္နဲ႔သာ ပြဲထြက္လာခဲ႔ၿပီး ေအဘရာဟမ္ ေမဆန္ေမာင့္ ဝီလီယံ ပူလီဆစ္ ကန္ေတ ေဂ်ာ္ဂ်င္ဟုိ အက္စ္ပီလီကြယ္တာ ဇူးမား ရူဒီဂါ ရီစ္ဂ်ိမ္းစ္နဲ႔ ကယ္ပါတုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ အိမ္ကြင္းေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ ျပန္လည္ေကာင္းမြန္ထားတဲ႔ အိမ္ရွင္ဘရုိက္တန္ကလည္း သူတုိ႔ရဲ႕အေကာင္းဆုံးလူစာရင္းနဲ႔ ခ်ယ္လ္ဆီးကုိ ရင္ဆုိင္လာခဲ႔ေပမယ့္ ပထမပိုင္းမွာေတာ့ ဧည့္သည္ဘက္ကုိ သိပ္ဖိအားေပးႏုိင္ျခင္းမရွိပဲ ၁၀မိနစ္မွာပင္ ခ်ယ္လ္ဆီးေနာက္ခံလူ အသင္းေခါင္းေဆာင္ အက္စ္ပီလီကြယ္တာရဲ႕အနီးကပ္သြင္းဂုိးကုိပါ ခြင့္ျပဳေပးခဲ႔ရပါတယ္။ ပြဲဆက္ေတြ အရမ္းမ်ားေနခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းကလည္း ရလဒ္ေကာင္းကုိ ထိန္းသိမ္းႏုိင္ဖုိ႔အတြက္ပဲ ဦးစားေပးခဲ႔ၿပီး ရရွိခဲ႔တဲ႔ အႏုိင္ဂုိးကုိ ထိန္းသိမ္းကစားသြားခဲ႔ကာ ခံစစ္ကလည္း ပုံစံေကာင္းျပသခဲ႔တဲ႔အျပင္ ဘရုိက္တန္ရဲ႕ပထမပုိင္းအတြင္း တစ္လုံးတည္းေသာ ဂုိးေပါက္တည့္ကန္ခ်က္ကုိလည္း ဂုိးသမားကယ္ပါက ကာကြယ္ႏုိင္ခဲ႔ပါတယ္။

ဒုတိယပုိင္းမွာ ေခ်ပဂုိးျပန္လည္သြင္းယူႏုိင္ဖုိ႔အတြက္ ဒုတိယပုိင္းမစခင္မွာပဲ ေကာ္နယ္လီကုိ ထည့္သြင္းလာခဲ႔တဲ႔ ဘရုိက္တန္အသင္းဟာ ဒုတိယပုိင္းပြဲခ်ိန္ အေစာပုိင္းေတြမွာ ခ်ယ္လ္ဆီးအသင္းဘက္ကုိ ဖိအားမေပးႏုိင္ခဲ႔ပဲ ဧည့္သည္ခ်ယ္လ္ဆီးကေတာင္ တုိက္စစ္ဆင္မႈေပါင္းမ်ားစြာကုိ စြမ္းေဆာင္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ဒုတိယပုိင္းဖုိ႔ နီးကပ္လာခ်ိန္မွာ အိမ္ရွင္အသင္းရဲ႕ဖိအားေပးမႈေတြက တျဖည္းျဖည္းအားေကာင္းလာခဲ႔ၿပီး ၈၄မိနစ္မွာ ရရွိလာခဲ့တဲ႔ ေထာင့္ကန္ေဘာကေန လူစားဝင္ အီရန္တုိက္စစ္မွဴး ဂ်က္ဟမ္းဘတ္ရွ္က ေနာက္ျပန္ကန္ခ်က္နဲ႔ ေခ်ပဂုိးကုိ လွလွပပ သြင္းယူႏုိင္ခဲ႔ပါတယ္။ အဲ႔ဒီေနာက္မွာလည္း ဘရုိက္တန္ကပဲ အႏုိင္ဂုိးရသြားႏုိင္ေလာက္တဲ႔ ဖိအားေပးမႈေတြ ဆက္တုိက္ျပဳလုပ္ခဲ႔ေပမယ့္လည္း ဂုိးသမားကယ္ပါက လက္စြမ္းျပႏုိင္ခဲ႔လုိ႔သာ ဂုိးထပ္မေပးခဲ႔ရတာျဖစ္ပါတယ္။

(Unicode)

ဒီရာသီ အဝေးကွင်းသရေပွဲမရှိသေးတဲ့ ချယ်လ်ဆီးဆီကနေ ဘရိုက်တန် အမှတ်ခွဲယူခဲ့

ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခြေအနေအကောင်းဆုံးဖြစ်လို့နေတဲ့ လီဗာပူးလ်အသင်းပြီးနောက် ပရီးမီးယားလိဂ်ရဲ့ဒုတိယမြောက်အဝေးကွင်းအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ထားခံရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ပြီး တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ နာက်ပိုင်းပွဲစဉ်တွေမှာ ဆက်တိုက်အသုံးပြုဖြစ်ခဲ့တဲ့ ၃-၄-၃ ကစားကွက် ဆက်လက်သုံးစွဲလာခြင်းမရှိပဲ ၄-၂-၃-၁ ကစားကွက်နဲ့သာ ပွဲထွက်လာခဲ့ပြီး အေဘရာဟမ် မေဆန်မောင့် ဝီလီယံ ပူလီဆစ် ကန်တေ ဂျော်ဂျင်ဟို အက်စ်ပီလီကွယ်တာ ဇူးမား ရူဒီဂါ ရီစ်ဂျိမ်းစ်နဲ့ ကယ်ပါတို့ကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ကွင်းနောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်ထားတဲ့ အိမ်ရှင်ဘရိုက်တန်ကလည်း သူတို့ရဲ့အကောင်းဆုံးလူစာရင်းနဲ့ ချယ်လ်ဆီးကို ရင်ဆိုင်လာခဲ့ပေမယ့် ပထမပိုင်းမှာတော့ ဧည့်သည်ဘက်ကို သိပ်ဖိအားပေးနိုင်ခြင်းမရှိပဲ ၁၀မိနစ်မှာပင် ချယ်လ်ဆီးနောက်ခံလူ အသင်းခေါင်းဆောင် အက်စ်ပီလီကွယ်တာရဲ့အနီးကပ်သွင်းဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲဆက်တွေ အရမ်းများနေချိန်မှာ ချယ်လ်ဆီးအသင်းကလည်း ရလဒ်ကောင်းကို ထိန်းသိမ်းနိုင်ဖို့အတွက်ပဲ ဦးစားပေးခဲ့ပြီး ရရှိခဲ့တဲ့ အနိုင်ဂိုးကို ထိန်းသိမ်းကစားသွားခဲ့ကာ ခံစစ်ကလည်း ပုံစံကောင်းပြသခဲ့တဲ့အပြင် ဘရိုက်တန်ရဲ့ပထမပိုင်းအတွင်း တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်ကိုလည်း ဂိုးသမားကယ်ပါက ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့အတွက် ဒုတိယပိုင်းမစခင်မှာပဲ ကော်နယ်လီကို ထည့်သွင်းလာခဲ့တဲ့ ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းပွဲချိန် အစောပိုင်းတွေမှာ ချယ်လ်ဆီးအသင်းဘက်ကို ဖိအားမပေးနိုင်ခဲ့ပဲ ဧည့်သည်ချယ်လ်ဆီးကတောင် တိုက်စစ်ဆင်မှုပေါင်းများစွာကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းဖို့ နီးကပ်လာချိန်မှာ အိမ်ရှင်အသင်းရဲ့ဖိအားပေးမှုတွေက တဖြည်းဖြည်းအားကောင်းလာခဲ့ပြီး ၈၄မိနစ်မှာ ရရှိလာခဲ့တဲ့ ထောင့်ကန်ဘောကနေ လူစားဝင် အီရန်တိုက်စစ်မှူး ဂျက်ဟမ်းဘတ်ရှ်က နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ဘရိုက်တန်ကပဲ အနိုင်ဂိုးရသွားနိုင်လောက်တဲ့ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးသမားကယ်ပါက လက်စွမ်းပြနိုင်ခဲ့လို့သာ ဂိုးထပ်မပေးခဲ့ရတာဖြစ်ပါတယ်။