ဘရိုက်တန် ဥက္ကဌ ပေါလ် ဘာဘာကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရင်တောင်မှ လီဗာပူးလ်အသင်းကိုတော့ ပရီးမီးယားလိဂ် ဆုဖလား ပေးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဧပြီလ (၄) ရက်နေ့အထိ ပွဲစဉ်တွေကို ရပ်နားထားပြီ ဖြစ်ပြီး ပြိုင်ပွဲကိုလည်း ဖျက်သိမ်းနိုင်တဲ့ အခြေအနေ ရောက်ရှိလာနိုင်ပါတယ်။ ပရီးမီးယားလိဂ် အသင်းကိုယ်စီက တာဝန်ခံတွေအနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit: Liverpoolecho

ဘရိုက်တန် ဥက္ကဌ ပေါလ် ဘာဘာဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပါဝင်ခဲ့ပြီး သူက လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ပေးရမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကို အနိုင်ရပြီ ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရရှိနိုင်မှာ ဖြစ်ပေမဲ့ ပွဲစဉ်တွေ ရပ်နားထားလို့ မကစားနိုင်လျက်ပါပဲ။ ဘရိုက်တန် ဥက္ကဌ ပေါလ် ဘာဘာကတော့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ မယုံနိုင်စရာ ကောင်းတဲ့ အသင်း ဖြစ်လို့ ပရီးမီးယားလိဂ် ဖလားကို ရရှိသင့်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Liverpoolecho

ဘရိုတန်အသင်းရဲ့ ဥက္ကဌ ပေါလ် ဘာဘာဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းသင့်လားလို့ အမေးခံရတဲ့ အခါမှာ သူက “လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်းမှာ စုပြုံကစားဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေနေကြောင့် ခက်ခဲပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဖြစ်လာပြီဆိုရင် ကျွန်တော့်အမြင်ကတော့ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဖလား မပေးဘူးဆိုရင် မမျှတဘူးလို့ပဲ မြင်ပါတယ်။ လူတိုင်းက လီဗာပူးလ်အသင်း အံ့အားသင့်စရာ ကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာ နဲ့ မယုံနိုင်စရာ ကောင်းတဲ့ အသင်း ဖြစ်ခဲ့တာကို တန်ဖိုးထားပေးရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။