MySport Myanmar

ဝက်ဖို့ဒ်က ဆမ်ဘာ ကြယ်ပွင့်လေးကို ခေါ်ဥထားတော့မယ့် ဘရိုက်တန်

ဘရိုက်တန်ဆိုတာ အသင်းကနေ ကစားသမားကောင်းတွေ ဘယ်လိုပဲ ထွက်ခွာသွားပါစေ အသင်းကို ကစားသမားကောင်းတွေ မှန်မှန်ကန်ကန်နဲ့ ပြန်လည် အားဖြည့်နိုင်တဲ့ အသင်းမျိုးပါ။ အခုလည်း ဝက်ဖို့ဒ်အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်လေး ဂျာအိုပတ်ဒရိုကို ခေါ်ယူနိုင်ဖို့ အတော်လေးကို နီးစပ်လာခဲ့ရပြီလို့ သိရပါတယ်။

Photo Credit : One Football

အသက်(၂၁)နှစ်အရွယ်ရှိ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ပတ်ဒရိုဟာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းရဲ့ အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ယူရင်း ဖလူမင်နိစ် စီနီယာအသင်းအတွက် ၂၀၁၉ခုနှစ်မှာပဲ စတင် ပါဝင်ကစားခဲ့ပါတယ်။ ဖလူမင်နိစ်မှာ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၀ နှစ်အစပိုင်းမှာ ဝက်ဖို့ဒ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပြီး သူရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပဲ စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Today

လက်ရှိ ပတ်ဒရိုရဲ့ ဝက်ဖို့ဒ်အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှိနေပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည် တတ်လှမ်းနိုင်လောက်တဲ့ အနေအထားမှာလည်း ရှိမနေတာကြောင့် သူ့ကို ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ စတင် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဝက်ဖို့ဒ်အတွက် ချန်ပီယံရှစ် သွင်းဂိုး စုစုပေါင်း (၁၁)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ပတ်ဒရိုကို ဘရိုက်တန် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပေမယ့် ဘရိုက်တန်က ကစားသမားနဲ့ personal agreed ကို ကြိုတင် ရယူထားနိုင်ခဲ့လို့ ပြောင်းရွှေ့ကြေးဘက်ကိုသာ ဆက်လက် ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Daily Mercato

ယခင်ကတည်းက အရည်အသွေးမြင့် under-rated players လေးတွေ မထင်မရှား ကစားသမားလေးတွေကို ခေါ်ယူပြီး တောက်ပလာအောင် အရောင်တင်ပေးတတ်တဲ့ ဘရိုက်တန်အသင်းရဲ့ ဒီတစ်ကြိမ် ကစားသမား ခေါ်ယူမှုဟာလည်း အသင်းအတွက် ဘယ်လောက်အထိ အကျိုးပြုသွားဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်။

Exit mobile version