အိုင်းယတ်စ်အသင်းဟာ သူတို့ရဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ဂ် မန်ချက်စတာယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေတဲ့ နယ်သာလန် တိုက်စစ်ကစားသမားလေး ဘရိုင်ယန်ဘရော်ဘီကို တန်ဟက်ဂ်ထက် လက်ဦးမှု ရယူပြီး အပြီးသတ် ခေါ်ယူသွားနိုင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Credit: Alamy

Photo Credit : SPORTbible

အသက်(၂၀)အရွယ်ရှိ နယ်သာလန် ယူ-၁၇ ကစားသမားလေး ဘရော်ဘီဟာ နယ်သာလန်ကစားသမားကောင်းတွေ မွေးထုတ်ပေးနေကြဖြစ်တဲ့ အိုင်းယတ်စ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်ကတည်းက အိုင်းယတ်စ် အကယ်ဒမီကို ရောက်ရှိနေတဲ့ ဘရော်ဘီဟာ ၂၀၁၈ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ အေဂျက်စ်အရန်အသင်းမှာ ပါဝင်နေခဲ့ရာကနေ ၂၀၂၀ခုနှစ်မှာပါ အိုင်းယတ်စ်နည်းပြဟောင်း တန်ဟက်ဂ်က ဘရော်ဘီကို စီနီယာအသင်းအတွက် စတင်ကစားခွင့်ပေးခဲ့ပြီး ဘရော်ဘီဟာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ကစားခဲ့ရပါတယ်။

RB Leipzig signing Brobbey similar to Lukaku - Nagelsmann | Goal.com  Singapore

Photo Credit : Goal

အဲ့ဒီနောက် ၂၀၂၁ခုနှစ် နွေဈေးကွက်မှာ ဘရော်ဘီက လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းဟောင်း အိုင်းယတ်စ်အသင်းဆီ အငှားနဲ့ ပြန်လည်ရောက်လာခဲ့ပြီး အသင်းအတွက် (၁၃)ပွဲကစား (၇)ဂိုးသွင်းယူနိုင်ခဲ့ကာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘရော်ဘီဟာ အိုင်းယတ်စ်အသင်းနဲ့ အငှားစာချုပ် ပြည့်မြောက်သွားပြီဖြစ်လို့ သူရဲ့မူရင်းကလပ် လိုက်ပ်ဇစ်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အိုင်းယတ်စ်ဘက်က သူ့ကို အပြီးသတ် ပြန်လည် ခေါ်ယူချင်နေတဲ့အတွက် ဒီဇူလိုင်လအတွင်းမှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရာ နောက်ဆုံးအဆင့် စေ့စပ်ညှိနှိုင်းမှုတွေအပြီး သဘောတူညီမှု ရရှိသွားခဲ့ရပါတယ်။ ဘရော်ဘီကို အိုင်းယတ်စ်အသင်းမှာ စင်တင်ပေးခဲ့သူ တန်ဟက်ဂ်ကတော့ သူရဲ့လက်ရှိကလပ် ယူနိုက်တက်ကနေ ခရစ္စတီယာနိုရော်နယ်လ်ဒို ထွက်ခွာသွားချိန်မှာ ဘရော်ဘီနဲ့ အစားထိုးဖို့ ချိန်ရွယ်ထားခဲ့ပေမယ့်လည်း ဘရော်ဘီက သူရဲ့ ပထမဆုံးသော အသင်းဖြစ်တဲ့ အိုင်းယတ်စ်နဲ့သာ ဆက်လက် လက်တွဲသွားဖို့ သေချာနေပြီ ဖြစ်ပါတယ်။ အိုင်းယတ်စ်အသင်းဟာ ဒီနွေဈေးကွက်ထဲ ဟယ်လာလို တိုက်စစ်မှူးကောင်းတစ်ဦးကို ဆုံးရှုံးထားခဲ့ရပေမယ့် အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဘရော်ဘီကို အသင်းဆီ ပြန်လည်ခေါ်ဆောင်နိုင်တော့မှာက အသင်းအတွက် အကျိုးရှိစေမှာ သေချာနေပါတယ်။