MySport Myanmar

အမ်ဘူမိုအတွက် အနည်းဆုံး ပေါင်(၆၅)သန်းထိ လိုချင်နေတဲ့ ဘရန့်ဖို့ဒ်

နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘရန့်ဖို့ဒ်အသင်းဟာ တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၅)သန်းကနေ သန်း(၇၀)လောက်အထိ အလိုရှိနေတယ်လို့ သိရှိရပါတယ်။

ယခင်က The Athletic ရဲ့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ပေါင်(၄၅)သန်းအပြင် အပိုဆုကြေး ပေါင်(၁၀)သန်း စုစုပေါင်း ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုဟာ ဘရန့်ဖို့ဒ်ရဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးထက် အများကြီး နည်းနေခဲ့ပါတယ်။

Photo Credit : BBC

ရိုမာနိုကလည်း ယူနိုက်တက်ရဲ့ ကနဦး ကမ်းလှမ်းမှုဟာ လုံလောက်မှု မရှိသေးဘူးလို့ ထပ်မံ ဖော်ပြခဲ့ပြီး ဘရန့်ဖို့ဒ်က သူတို့ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၅)သန်းအထိ ရရှိချင်နေပါတယ်။

အမ်ဘူမိုကိုယ်တိုင်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူထားပြီးသားဖြစ်ကာ အခြား ပရီးမီးယားလိဂ်ကလပ် သုံးသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ဒီပြောင်းရွှေ့မှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

Photo Credit : Premier League

ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေပြီး ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူထားပြီးတဲ့နောက် ကူညာလို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အမ်ဘူမိုကိုပါ နွေရာသီရဲ့ ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ပစ်မှတ်ထားနေပါတယ်။

အမ်ဘူမိုရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘရန့်ဖို့ဒ်အသင်းမှာ စာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိနေပါတယ်။ အသက်(၂၅)နှစ်အရွယ် ကင်မရွန်း ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းအတွက် ဂိုး(၂၀) သွင်းယူကာ (၈)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Exit mobile version