အသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်နဲ့ တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာပဲ မစ်ဂျေးလန်းက ကွင်းလယ်ကစားသမား ဖရန့်အွန်ယီကာနဲ့ ဆဲလ်တစ်နောက်ခံလူ ခရစ်စတိုဖာအေဂျာတို့အတွက် ယူရို(၂၅)သန်းဝန်းကျင်လောက် အသုံးပြုပြီး ခေါ်ယူထားခဲ့သလို အခုလည်း ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ မိုင်းစ်ပီရတ်ဟားရစ်ကို (၄)နှစ်စာချုပ်နဲ့ ထပ်မံခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ယူ-၁၈ ယူ-၂၃အသင်းတွေမှာ ဆက်တိုက်ပါဝင်ကစားခွင့် ရလာခဲ့တဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေး ဟားရစ်ဟာ နံပါတ်(10) Role မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ချယ်လ်ဆီး ယူ-၂၃အသင်းအတွွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၃)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၁၁)ဂိုးသွင်းယူနိုင်ခဲ့သလို (၆)ဂိုးအထိပါ ဖန်တီးနိုင်ခဲ့ပါတယ်။ (၂၃)ပွဲကစားပြီး သွင်းဂိုး(၁၇)ဂိုးအထိတောင် ပါဝင်ပတ်သက်ထားနိုင်တဲဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်မျိုးကို အရခေါ်ယူလိုက်နိုင်တာကတော့ တန်းတတ်ဘရန့်ဖိုဒ့်အသင်းအတွက် အတော်လေးကို အကျိုးရှိမယ့် ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။

ဘရန့်ဖိုဒ့်အသင်းက ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေရဲ့ အချစ်တော် ဘောလုံးအသင်းဖြစ်တဲ့ ဘရန့်ဖိုဒ့်ရဲ့ ကစားသမားသစ်လေး ဟားရစ်ရဲ့ ခြေစွမ်းဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။