ဒီနေ့ည (၁)နာရီ (၁၅)မိနစ်အချိန်မှာတော့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းနိုင်ဖို့အတွက် နောက်ဆုံးတစ်နေရာကိုလုရမယ့် ပလေးအော့ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘရန့်ဖိုဒ့်အသင်းနဲ့ ဆွမ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့ ပထမအကျော့တုန်းက ဝေးလ်စ်အခြေစိုက် ဆွမ်ဆီးအသင်းက သူတို့အသင်းရဲ့အိမ်ကွင်းမှာ တိုက်စစ်မှူးအန်ဒရီအယူးရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခုဒုတိယအကျော့ပွဲမှာ ဘရန်ဖိုဒ့်က အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ ဒုတိယပိုင်း(၄၆)အတွင်းမှာပဲ (၃)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့ပြီး ပလေးအော့ဖိုင်နယ်ကို တတ်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ (၇၈)မိနစ်မှာတော့ လီဗာပူးလ်ကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဘရူစတာက ဆွမ်ဆီးအသင်းအတွက် မျှော်လင့်ချက်ရှင်သန်စေမယ့် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် နောက်ထပ်ချေပဂိုးတွေတော့ ထပ်မရတော့လို့ ဘရန့်ဖိုဒ့်အသင်းပဲ နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး(၂)ဂိုးနဲ့ ဖိုင်နယ်တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပလေးအော့ဖိုင်နယ်ကို ဘရန့်ဖိုဒ့်အသင်းက တတ်ရောက်သွားခဲ့ပြီဖြစ်ပြီး တစ်ဖက်မှာတော့ ဖူလ်ဟမ်နဲ့ ကာဒစ်စီးတီးအသင်းတို့ ဘယ်အသင်း ဖိုင်နယ်ကိုရောက်လာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ပထမအကျော့ ဖူလ်ဟမ်ကွင်းမှာ ကစားခဲ့စဉ်တုန်းက ဖူလ်ဟမ်က ကာဒစ်ကို (၂)ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူထားတာဖြစ်လို့ ဖိုင်နယ်တတ်ဖို့ ဖူလ်ဟမ်က အခြေအနေပိုကောင်းနေပါတယ်။ ပလေးအော့ဖိုင်နယ်ပွဲကိုတော့ လာမယ့်သြဂုတ်လ(၄)ရက်နေ့ ဝင်ဘာလေကွင်းကြီးအတွင်းမှာ တစ်ကျော့တည်းကျင်းပသွားမှာဖြစ်ပါတယ်။