လက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာဟာ လက်ရှိမှာ ပိုင်ရှင်သစ်လက်အောက်ကို ရောက်ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေသလို နယူးကာဆယ်ဘက်ကလည်း သူတို့ရဲ့ လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ နည်းပြဖြစ်သူ ရော်ဂျာနဲ့ ပြောင်းလဲခန့်အပ်သွားပေမယ့် ရော်ဂျာကိုယ်တိုင်ကတော့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်မရှိပဲ မန်စီးတီးအသင်းရဲ့ နည်းပြသစ်ရာထူးကိုသာ လိုချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် ဦးဆောင်နေတဲ့ PIF ကုမ္မဏီရဲ့ ဝယ်ယူခြင်းခံလိုက်ရတဲ့ နယူးကာဆယ်အသင်းဟာ အသင်းနည်းပြရာထူးအဖြစ် လက်စတာနည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာကို ပစ်မှတ်ထားနေပေမယ့်လည်း နယူးကာဆယ်ဘက်က ကမ်းလှမ်းမှုမှန်သမျှကို ရော်ဂျာဘက်ကနေ ငြင်းဆန်သွားမှာဖြစ်သလို မန်စီးတီးအသင်းရဲ့ နည်းပြသစ်ရာထူးကိုသာ လိုလားနေတယ်လို့ Daily Mail ကနေ ဖော်ပြသွားခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ အန်တိုနီယိုကွန်တီ ဇီဒန်းနဲ့ ရော်ဂျာတို့လို ထိပ်တန်းနည်းပြတွေကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားလျက် ရှိနေပေမယ့် ဒီနည်းပြတွေ ကိုယ်တိုင်ကတော့ နယူးကာဆယ်မှာ နည်းပြဖို့ကို ဆန္ဒမရှိပဲ ဖြစ်နေကြပါတယ်။

Photo Credit : The Sun

လီဗာပူးလ်နည်းပြဟောင်းဖြစ်သူ ဘရန်ဒန်ရော်ဂျာကတော့ လက်စတာအသင်းကို အက်အေဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကလည်း စပါးအသင်းအပါအဝင် ကလပ်အသင်းတချို့ရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ ကမ််းလှမ်းခံခဲ့ရပေမယ့် ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခြင်းမရှိပဲ လက်စတာကိုသာ ဆက်လက်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပရီးမီးယားလိဂ်မှာသာမက ဥရောပမှာပါ ခြေဆန်လာတော့မယ့် နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့ပေမယ့်လည်း ရော်ဂျာအနေနဲ့ကတော့ ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာမဟုတ်ပဲ သူရဲ့အနာဂတ် အစီအစဉ်ဖြစ်တဲ့ မန်စီးတီးနည်းပြရာထူးအတွက်ကိုပဲ စောင့်ဆိုင်းနေလျက် ရှိတယ်လို့ သိရှိရပါတယ်။ လက်ရှိ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ အသင်းနဲ့ (၁၈)လသာ စာချုပ်ကျန်ရှိနေတာ့တာဖြစ်ပြီး စာချုပ်ပြည့်ရင် အသင်းနဲ့ လမ်းခွဲကာ အနားယူမှာဖြစ်လို့ မန်စီးတီးဘက်က ရော်ဂျာကို အသင်းနည်းပြသစ်အဖြစ် လျာထားသလို ရော်ဂျာကိုယ်တိုင်ကလည်း မန်စီးတီးရဲ့ နည်းပြရာထူးကို အလိုရှိနေတာ ဖြစ်ပါတယ်။