အာဆင္နယ္အသင္းကေတာ့ ၁၉၉၂ခုႏွစ္ေနာက္ပုိင္း ဆုိးရႊားလြန္းလွတဲ႔ ႏုိင္ပြဲေပ်ာက္ဆုံးမႈ စံခ်ိန္ဆုိးနဲ႔ ရင္ဆုိင္ေနခဲ႔ရလုိ႔ အသင္းနည္းျပ အူႏုိင္းအအမ္မရီကုိ ရာထူးကေန ထုတ္ပယ္လုိက္ၿပီးေနာက္ သူရဲ႕ေနရာ ကစားသမားေဟာင္း ဖရက္ဒီယြန္းဘတ္ကုိ ယာယီနည္းျပအျဖစ္ ခန္႔အပ္ခဲ႔ၿပီး ေရရွည္နည္းျပတစ္ေယာက္ကုိေတာ့ ဆက္လက္ရွာေဖြလုိ႔ေနပါတယ္။ အာဆင္နယ္ရဲ႕နည္းျပရာထူးအတြက္ကုိေတာ့ အသင္းလက္မဲ႔ျဖစ္ေနတဲ႔ အယ္လီဂရီ ပုိခ်က္တီႏုိတုိ႔လုိ နည္းျပေတြအျပင္ လက္ရွိမွာ ကလပ္အသင္းေတြ တာဝန္ယူေနရတဲ႔ ဘရန္ဒန္ေရာ္ဂ်ာစ္ ႏူႏုိဆန္းတုိ႔စ္ အန္႔စေလာတီ အာတီတာတုိ႔နဲ႔လည္း သတင္းထြက္လုိ႔ေနပါတယ္။

Photo Credit : Getty Images

အထူးသျဖင့္ေတာ့ အာဆင္နယ္အသင္းဟာ အမ္မရီနဲ႔ လမ္းမခြဲခင္ကတည္းက လက္စတာအသင္းရဲ႕နည္းျပျဖစ္သူ ဘရန္ဒန္ေရာ္ဂ်ာစ္ကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္ဖုိ႔ စိတ္ဝင္စားေနခဲ႔တာျဖစ္ၿပီး လက္စတာကုိ ဒီရာသီမွာ ထိပ္သီးအသင္းႀကီးတစ္သင္းရဲ႕ပုံစံလုိျဖစ္ေအာင္ လုပ္ေဆာင္ေပးႏုိင္ခဲ႔တဲ႔ ေရာ္ဂ်ာစ္ရဲ႕လုပ္ရည္ကုိင္ရည္ကုိ အာဆင္နယ္အသင္း တာဝန္ရွိသူေတြဘက္ကေန စိတ္ဝင္စားေနခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအေျခအေနေတြအရ လက္စတာကေတာင္ ခ်န္ပီယံလိဂ္ဝင္ေရာက္ကစားခြင့္က အာဆင္နယ္ထက္ အာမခံခ်က္ပုိရွိလုိ႔ေနတဲ့အျပင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ကုိေတာင္ လီဗာပူးလ္ကုိ အနီးကပ္ဆုံး ဖိအားေပးႏုိင္တဲ႔အသင္းအျဖစ္ ရပ္တည္ေနတာျဖစ္လုိ႔ အာဆင္နယ္ရဲ႕ကမ္းလွမ္းခ်က္ကုိ တရားဝင္ရလာခဲ႔ရင္ေတာင္ ျငင္းဆန္သြားႏုိင္တယ္လုိ႔ သတင္းမီဒီယာေတြကေန ယူဆထားၾကတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ ေရာ္ဂ်ာစ္ဟာ မေန႔ညက အဲဗာတန္အသင္းကုိ ေနာက္က်ဂုိးနဲ႔ အႏုိင္ရခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၁၄)အၿပီးမွာ ရုပ္သံတစ္ခုနဲ႔ အင္တာဗ်ဴးေနစဥ္အတြင္း နည္းျပေတာ္ေတာ္မ်ားမ်ားက အသင္းတစ္သင္းကုိ ကုိင္တြယ္ဖုိ႔အတြက္ ကမ္းလွမ္းခ်က္ကုိ လက္ခံရမွာ စာခ်ဳပ္အတြင္း စာခ်ဳပ္ေလ်ာ္ေၾကးေတြကုိ ထည့္သြင္းခ်ဳပ္ဆုိတတ္ေလ့ရွိေၾကာင္း ဒါက ဘာမဆုိ ျဖစ္လာႏုိင္တယ္ဆုိတာကုိ ရည္ညႊန္းေနသလုိပါပဲလုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။ ဆုိလုိတာကေတာ့ သူကုိယ္တုိင္လည္း ဆဲလ္တစ္အသင္းကေန လက္စတာအသင္းကုိ ေျပာင္းလဲကုိင္တြယ္ရာမွာ အသင္းႀကီးတစ္သင္းသင္းကေန ကမ္းလွမ္းလာခဲ႔မယ္ဆုိရင္ စာခ်ဳပ္ေလ်ာ္ေၾကးေပးႏုိင္ေအာင္ ထည့္သြင္းထားတယ္ဆုိတာကုိ ဝန္ခံသြားခဲ႔တာျဖစ္သလုိ သူ႔ကုိ လုိခ်င္ေနတဲ႔ အာဆင္နယ္အသင္းအတြက္ကုိလည္း အခ်က္ျပလုိက္သလုိ ျဖစ္သြားခဲ႔ရပါတယ္။ လက္ရွိ သတင္းေတြ ထြက္ေနတာကေတာ့ ေရာ္ဂ်ာစ္နဲဲ႔ လက္စတာအသင္းတုိ႔ၾကားက စာခ်ဳပ္ေလ်ာ္ေၾကးပမာဏက ေပါင္၁၄သန္းေလာက္အထိ ရွိေနတယ္လုိ႔ သိရွိထားရၿပီး အာဆင္နယ္အသင္းတာဝန္ရွိသူေတြကေတာ့ အၿမဲတမ္းနည္းျပခန္႔ဖုိ႔ အလ်င္စလုိလုပ္သြားမွာမဟုတ္ဘူးလုိ႔လည္း သိထားရပါတယ္။

(Unicode)

အာဆင်နယ်နဲ့ သတင်းထွက်ပြီးနောက် စာချုပ်လျော်ကြေးအကြောင်း ပြောဆိုလာတဲ့ ရော်ဂျာစ်

အာဆင်နယ်အသင်းကတော့ ၁၉၉၂ခုနှစ်နောက်ပိုင်း ဆိုးရွှားလွန်းလှတဲ့ နိုင်ပွဲပျောက်ဆုံးမှု စံချိန်ဆိုးနဲ့ ရင်ဆိုင်နေခဲ့ရလို့ အသင်းနည်းပြ အူနိုင်းအအမ်မရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် သူရဲ့နေရာ ကစားသမားဟောင်း ဖရက်ဒီယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ရေရှည်နည်းပြတစ်ယောက်ကိုတော့ ဆက်လက်ရှာဖွေလို့နေပါတယ်။ အာဆင်နယ်ရဲ့နည်းပြရာထူးအတွက်ကိုတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ အယ်လီဂရီ ပိုချက်တီနိုတို့လို နည်းပြတွေအပြင် လက်ရှိမှာ ကလပ်အသင်းတွေ တာဝန်ယူနေရတဲ့ ဘရန်ဒန်ရော်ဂျာစ် နူနိုဆန်းတို့စ် အန့်စလောတီ အာတီတာတို့နဲ့လည်း သတင်းထွက်လို့နေပါတယ်။

Photo Credit : Getty Images

အထူးသဖြင့်တော့ အာဆင်နယ်အသင်းဟာ အမ်မရီနဲ့ လမ်းမခွဲခင်ကတည်းက လက်စတာအသင်းရဲ့နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်စတာကို ဒီရာသီမှာ ထိပ်သီးအသင်းကြီးတစ်သင်းရဲ့ပုံစံလိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ ရော်ဂျာစ်ရဲ့လုပ်ရည်ကိုင်ရည်ကို အာဆင်နယ်အသင်း တာဝန်ရှိသူတွေဘက်ကနေ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရ လက်စတာကတောင် ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်က အာဆင်နယ်ထက် အာမခံချက်ပိုရှိလို့နေတဲ့အပြင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ကိုတောင် လီဗာပူးလ်ကို အနီးကပ်ဆုံး ဖိအားပေးနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေတာဖြစ်လို့ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို တရားဝင်ရလာခဲ့ရင်တောင် ငြင်းဆန်သွားနိုင်တယ်လို့ သတင်းမီဒီယာတွေကနေ ယူဆထားကြတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် ရော်ဂျာစ်ဟာ မနေ့ညက အဲဗာတန်အသင်းကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄)အပြီးမှာ ရုပ်သံတစ်ခုနဲ့ အင်တာဗျူးနေစဉ်အတွင်း နည်းပြတော်တော်များများက အသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် ကမ်းလှမ်းချက်ကို လက်ခံရမှာ စာချုပ်အတွင်း စာချုပ်လျော်ကြေးတွေကို ထည့်သွင်းချုပ်ဆိုတတ်လေ့ရှိကြောင်း ဒါက ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတာကို ရည်ညွှန်းနေသလိုပါပဲလို့ ပြောဆိုသွားခဲ့ပါတယ်။ ဆိုလိုတာကတော့ သူကိုယ်တိုင်လည်း ဆဲလ်တစ်အသင်းကနေ လက်စတာအသင်းကို ပြောင်းလဲကိုင်တွယ်ရာမှာ အသင်းကြီးတစ်သင်းသင်းကနေ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် စာချုပ်လျော်ကြေးပေးနိုင်အောင် ထည့်သွင်းထားတယ်ဆိုတာကို ဝန်ခံသွားခဲ့တာဖြစ်သလို သူ့ကို လိုချင်နေတဲ့ အာဆင်နယ်အသင်းအတွက်ကိုလည်း အချက်ပြလိုက်သလို ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိ သတင်းတွေ ထွက်နေတာကတော့ ရော်ဂျာစ်နဲဲ့ လက်စတာအသင်းတို့ကြားက စာချုပ်လျော်ကြေးပမာဏက ပေါင်၁၄သန်းလောက်အထိ ရှိနေတယ်လို့ သိရှိထားရပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ အမြဲတမ်းနည်းပြခန့်ဖို့ အလျင်စလိုလုပ်သွားမှာမဟုတ်ဘူးလို့လည်း သိထားရပါတယ်။