မန်စီးတီးအသင်းကတော့ သူတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ထားခဲ့တဲ့ (၂)ရာသီဆက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရေက်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ပိတ်ပသ်ထားမှုအပေါ် နိုင်ငံတကာအားကစားခုံရုံး (CAS) ဆီ အယူခံတင်သွင်းထားခဲ့ရာ အခုဆိုရင် အယူခံအောင်မြင်သွားခဲ့ပြီဖြစ်လို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ကို ဝင်ရောက်ဆင်နွင်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ သတ်မှတ်ထားတဲ့ FFP ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပဘောလုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခွင့်ကို (၂)ရာသီအထိ ပိတ်ပင်ထားခံရတာဖြစ်ပြီး ဒါကို မန်စီးတီးအသင်းဘက်ကနေ CAS ဆီ အယူခံတင်သွင််းခဲ့ရာ ဒီနေ့မှာပဲ အယူခံအဖြေပေါ်ထွက်လာခဲ့ပြီး ချန်ပီယံလိဂ် Ban ခံထားရခြင်းကနေ လွတ်မြောက်သွားခဲ့ရကာ ဒဏ်ငွေအဖြစ်နဲ့ပဲ ယူရို(၁၀)သန်း ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ မန်စီးတီးကို ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားခွင့် ပိတ်ပင်ခဲ့ပြီးနောက် ဒီကိစ္စရပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပါ အကျိုးသက်ရောက်သွားခဲ့ပြီး မန်စီးတီးအစား အဆင့်(၅)နေရာမှာရှိတဲ့ ကလပ်အသင်းက ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားရဖွယ်ရှိတယ်ဆိုတဲ့ သတင်းစကားတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ မန်စီးတီးတို့ အယူခံအောင်မြင်သွားပြီဖြစ်လို့ ပုံမှန်အတိုင်းသာ အဆင့်(၄)အတွင်း ရှိနေမယ့် အသင်း(၄)သင်းကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရတော့မှာဖြစ်ပြီး အဲ့ဒီအတွက်လည်း ပြိုင်ဆိုင်မှုတွေက ဘောလုံးရာသီ အဆုံးသတ်ချိန်ထိကို ပြိုင်ဆိုင်မှုတွေ ပြင်းထန်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ အဆင့်(၃)နဲ့(၄)နေရာမှာ ချယ်လ်ဆီးနဲ့လက်စတာအသင်းတို့က အသီးသီးရပ်တည်နေပေမယ့် အဆင့်(၅)နေရာက မန်ချက်စတာယူနိုက်တက်အသင်းက ဒီည ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့်(၃)နေရာကို တတ်လှမ်းတော့မှာဖြစ်တဲ့အတွက် ဒီအသင်း(၃)သင်းနဲ့ အဆင့်(၆)နေရာမှာရှိနေတဲ့ ဝုလ်ဗ်တို့ ဘယ်အသင်းတွေ လီဗာပူးလ် မန်စီးတီးတို့နဲ့အတူ ချန်ပီယံလိဂ်အတွက် လက်မှတ်တွေရသွားမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။