ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားဟောင်း နဲ့ နည်းပြဟောင်း လူးဝစ် ဖာနန်ဒက်စ်ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘလွန်းဒီအော်ဆု ရရှိနိုင်တဲ့ အဆင့် ရှိပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတိုလို အရည်အချင်းရှိတယ်လို ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘလွန်းဒီဆော်ဆု ရရှိနိုင်ချေရှိတဲ့ ထိပ်သီး စကာတင် (၃) ယောက်စာရင်းမှာ (၂) ကြိမ် ပါဝင်ခဲ့ဖူးတာ ဖြစ်ပေမယ့်လည်း တစ်ကြိမ်မှ မရခဲ့ဖူးတာ ဖြစ်ပြီး တိုက်စစ်မှူး မက်ဆီက (၆) ကြိမ်နဲ့ အများဆုံး ရရှိထားတာ ဖြစ်ပြီး တိုက်စစ်မှူး ရော်နယ်ဒိုကတော့ (၅) ကြိမ်နဲ့ ဒုတိယ အများဆုံး ရရှိထားလျက် ဖြစ်ကြပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ် နဲ့ ဆီမီး ဖိုင်နယ်တွေမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီ နည်းပြဟောင်း လူးဝစ် ဖာနန်ဒက်စ်က တိုက်စစ်မှူး နေမာအနေနဲ့ ဘလွန်းဒီအော်ဆုကို ရရှိနိုင်တဲ့ အဆင့်မှာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

လူးဝစ် ဖာနန်ဒက်စ်က “နေမာက ဘလွန်းဒီအော်ဆု ရရှိနိုင်တဲ့ အဆင့် ဖြစ်ပြီး သူ့ရဲ့ စိတ်သဘောထားကလည်း ချီးကျူးစရာပါပဲ။ ကျွန်တော် နေမာကို အမြဲတမ်း သဘောကျပါတယ်။ ကျွန်တော် သူ့ကို ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်စ်တိုနဲ့ ကစားစဉ်ကတည်းက သဘောကျခဲ့ပြီးသားပါ။ ကျွန်တော် သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ သူ့ရဲ့ အပြောအဆို၊ သူ့ရဲ့ လွယ်ကူနေမှု နဲ့ သူ့ရဲ့ ကစားကွက်ကို တန်ဖိုးထားတယ်။ ကျွန်တော် ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်က ရော်နယ်ဒင်ဟိုကို နည်းပြခဲ့ဖူးတယ်။ ပထမနှစ်မှာတော့ ရော်နယ်ဒင်ဟိုက လေ့ကျင့်ရေးကွင်းမှာ နဲ့ ကစားကွက်မှာ ချွင်းချက်မရှိ ကောင်းတယ်။ ဒုတိယနှစ်မှာတော့ သူ တစ်ခုခုကို လုပ်ချင်တယ်။ ကျွန်တော် ဒီလို ကစားသမားတွေကို သဘောကျပါတယ်။ တစ်ခါတစ်လေ သူတိုကို့ အတုခိုးချင်ပေမယ့် အတုခိုးလို မရကြပါဘူး။ နေမာရဲ့ ကစားကွက်တွေက ချွင်းချက်မရှိ ကောင်းတယ်။ ကျွန်တော်တို့ မက်ဆီ နဲ့ ရော်နယ်ဒိုတိုကို မြင်တွေ့ခဲ့ကြရပြီ ဖြစ်ပြီး နေမာကလည်း သူတိုလို အရည်အချင်း ရှိပါတယ်” လို ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။