MySport Myanmar

ဘရာဇီးလ် နဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂)တွေရဲ့ နောက်ဆုံးနေ့ပွဲစဉ်တွေထဲကမှ ည(၁၀)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဘရာဇီးလ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ပြိုင်ပွဲ စတင် မကျင်းပခင်ကတည်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေသူ ဘရာဇီးလ်ဟာ ဆာဘီးယားနဲ့ပွဲမှာပဲ ချန်ပီယံ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး ရစ်ချာလီဆန်ရဲ့ဂိုးတွေနဲ့ နိုင်ပွဲရခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နေမာက ဒဏ်ရာရသွားခဲ့လို့ အခုပွဲကို လွဲချော်ရမှာ ဖြစ်ပေမယ့်လည်း ဘရာဇီးလ်ရဲ့ တိုက်စစ်အားက လျှော့နည်းသွားဖွယ် မရှိနိုင်ပါဘူး။ ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် စောစောစီးစီး နောက်တစ်ဆင့် တတ်လှမ်းနိုင်မှာလည်း ဖြစ်တာကြောင့် ဘရာဇီးလ်ဘက်က နောက်ထပ် ဥရောပတစ်သင်းဖြစ်တဲ့ ဆွစ်ကို သေချာပေါက် အနိုင်ကစားပါလိမ့်မယ်။

Photo Credit : Sports Mole

ဆွစ်ဇာလန်ကလည်း အဖွင့်ပွဲမှာ ကင်မရွန်းကို အနိုင်ယူထားပြီး ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်ထားနိုင်ခဲ့သလို အဲ့ဒီပွဲမှာလည်း အသင်းရဲ့ ဂိုးသမား ဆွန်မားက လက်စွမ်းပြမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်လို အင်အားကြီး အသင်းမျိုးနဲ့ ထိပ်တိုက် မဆုံတွေ့ခင်မှာ ရလဒ်ကောင်းတစ်ခု ရယူထားနိုင်ခဲ့တာဟာ ဆွစ်အတွက်တော့ ဖိအားနည်းသွားစေနိုင်ပြီး သူတို့ရဲ့ ခံစစ်ပိုင်း မာကြောမှုကိုလည်း ဒီပွဲမှာ ဆက်လက်ပြသနိုင်ဖို့အတွက် ပြင်ဆင်လာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Sporting News

ဘရာဇီးလ်မှာက နေမာအပြင် ဒန်နီလိုပါ ဒဏ်ရာရသွားခဲ့လို့ ဆာဘီးယားနဲ့ပွဲက လူစာရင်းကို အနည်းဆုံး(၂)နေရာစာလောက် အပြောင်းအလဲ လုပ်ဆောင်လာရပါမယ်။ ဒါပေမယ့် ဘရာဇီးလ်လူစာရင်းက တခြားသော အသင်းတွေထက် အလွန်ကို တောင့်တင်းလွန်းနေပြီး ဆာဘီးယားနဲ့ပွဲမှာတောင် အန်တိုနီ ဂျေဇူး ရိုဒရီဂို မာတင်နယ်လီနဲ့ ဖရက်ဒ်တို့လို ကစားသမားတွေက လူစားဝင် ကစားခဲ့ကြတာဖြစ်လို့ ဘရာဇီးလ် squad ကြီးက ကြောက်ခမန်းလိလိပါပဲ။ ဒီပုံစံနဲ့ ဆွစ်ကို အနိုင်မယူနိုင်စရာ ဘာအကြောင်းမှ မရှိလောက်ပါဘူး။ ဒါပေမယ့် ဆွစ်ရဲ့ ခံစစ်ကစားအားကြောင့်တော့ ဘရာဇီးလ်တို့ ဂိုးမပြတ်ပဲ ကပ်နိုင်သွားပါလိမ့်မယ်။

Exit mobile version