MySport Myanmar

၂၀၂၂ ကမ္ဘာ့ဖလားက ဘရာဇီးလ်အတွက်ပဲ လို့ ကြုံးဝါးလိုက်တဲ့ ဘရာဇီးလ်နည်းပြတီတီ

ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဘရာဇီးလ်ရဲ့ နည်းပြချုပ် တီတီကတော့ သူတို့အသင်းဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အဆင်သင့်ပဲလို့ ပြောကြားရင်း ပြိုင်ဘက်အသင်းတွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ အသင်းတသင်း ဖြစ်ပြီး ဘရာဇီးလ်အသင်း ရရှိထားတဲ့ ကမ္ဘာ့ဖလား အရေအတွက်က ၅ကြိမ် အထိ ရှိပါတယ်။

Photo Credit: Mirror

ဒါ့အပြင် ဘရာဇီးလ်က ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတဲ့ တသင်းထဲသော အသင်းအဖြစ်ပါ မှတ်တမ်းဝင်နေပြီး သူတို့အသင်းရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာတွေက အတော်လေးကို အားကျစရာ ကောင်းပါတယ်။

ဒါပေမယ့် ဘရာဇီးလ်အသင်းက ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထပ်မံ ဗိုလ်စွဲနိုင်ခြင်း မရှိတော့ပဲ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့စဉ်ကလည်း ဂျာမဏီကို ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါသေးတယ်။

Photo Credit: Mirror

ဒါကြောင့် ဘရာဇီးလ်အသင်းက လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီး ဘရာဇီးလ်အသင်းရဲ့ နည်းပြချုပ် တီတီကလည်း သူတို့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အဆင်သင့်ပဲလို့ ကြုံးဝါးသွားခဲ့ပါတယ်။

တီတီက – “ကျွန်တော်က အခုချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်ရောက်ပြီး ချန်ပီယံ ဖြစ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါက အမှန်တရားပဲ” လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version