ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ရော်နယ်လ်ဒိုနာဇာရီယို တနည်းအားဖြင့် ရော်နယ်လ်ဒိုကြီး ရွေးချယ်လိုက်တဲ့ ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားစာရင်းမှာ သူနဲ့ နာမည်ချင်းတူနေတဲ့ ပေါ်တူဂီ စူပါစတား ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒို ပါဝင်လာခြင်းမရှိပဲ လီယွန်နယ်မက်ဆီကိုသာ ထည့်သွင်း ရွေးချယ်သွားခဲ့ပါတယ်။

Ronaldo was asked who was greater out of Argentinian duo Lionel Messi and Diego Maradona

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၄၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုက ဗြိတိန်နာမည်ကြီး သတင်းစာ The Guardian နဲ့ တွေ့ဆုံတုန်းမှာ ဒီယေဂိုမာရာဒိုနာနဲ့ လီယွန်နယ်မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူက ထိပ်တန်းအကျဆုံး ကစားသမား ဖြစ်မလဲလို့ မေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုကြီးက “ဒါက မမျှတပါဘူး။ ကျွန်တော်ကတော့ အရမ်းထူးခြား ကောင်းမွန်တဲ့ အဖွဲ့တစ်ခု ရှိမယ်လို့ ထင်ပါတယ်။ အဲ့ဒီထဲမှာဆိုရင်တော့ ဒီယေဂို မက်ဆီ ခရိုက်ဖ် ဘက်ကင်ဘောင်ဝါ ပီလီ ဗန်ဘက်စတန်နဲ့ ရော်နယ်လ်ဒိုဟိုတို့ ပါဝင်နေလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်နေမယ်။ ပရိသတ်တွေ ပြောကြပါစေ။ ဘားတွေထဲမှာ ငြင်းကြပါစေ။ ဒါတွေကို ခင်ဗျား သူတို့ကို အဆင့် မသတ်မှတ်နိုင်ဘူး။ ဘောလုံးမျိုးဆက်တွေကို နှိုင်းယှဉ်လို့ မရနိုင်ဘူး”လို့ ဖြေဆိုသွားခဲ့ပါတယ်။

The former Real Madrid striker gave his list of football's biggest stars in a recent interview

Photo Credit : Daily Mail

ရော်နယ်လ်ဒိုကြီး ရွေးချယ်သွားတဲ့ ကစားသမားတွေထဲမှာ ဒီဘက်ခေတ် ဘောလုံးသမားဆိုလို့ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ စူပါစတား ကစားသမား မက်ဆီ တစ်ဦးတည်းသာ ပါဝင်လာခဲ့ပြီး မက်ဆီနဲ့ မဟာပြိုင်ဘက်တွေဖြစ်တဲ့ ရော်နယ်လ်ဒို မပါဝင်ခဲ့သလို ကျန်တဲ့ ကစားသမားတွေကလည်း ကစားသမားဟောင်းကြီးတွေကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုကြီးက သူနဲ့ နာမည်ဆင်တူ ကစားသမားတွေ ရှိနေကြတာနဲ့ ပတ်သတ်ပြီးတော့လည်း “လူတွေက ကျွန်တော့်ကို မူရင်းရော်နယ်လ်ဒိုလို့ ခေါ်ကြတယ်။ ဒီနာမည်နဲ့ တခြားကစားသမားတွေလည်း ရှိပါတယ်။ သူတို့က အတုအယောင် မဟုတ်ဘူးလေ။ ဒီနာမည်နဲ့က ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အစစအရာရာ ကျွန်တော့်ထက် ပိုကောင်းတဲ့သူတွေတောင် ပေါ်လာနိုင်ပါလိမ့်မယ်။ လက်ရှိမှာ လာလီဂါကလပ် ဗယ်လာဒိုးလစ်အသင်းရဲ့ ပိုင်ရှင်အဖြစ် တာဝန်ယူနေတဲ့ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝအတွင်း PSV ဘာစီလိုနာ အင်တာမီလန် ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ဘရာဇီးလ်နဲ့ပါ ကမ္ဘာ့ဖလားကို (၂)ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။