ခံစစ္ကစားသမားေတြ မၾကာခဏဆိုသလို ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရမွုကို ၾကဳံေတြ႕ရေလ့ရွိတဲ့ အာဆင္နယ္အသင္းကေတာ့ လက္ရွိအခ်ိန္မွာ အသင္းရဲ့ အဓိက ညာေနာက္ခံလူ တစ္ဦးျဖစ္ေပမယ့္ ဒဏ္ရာေတြမ်ားျပားေနတဲ့ ဘယ္လာရင္ရဲ့ေနရာကို အစားထိုးနိုင္မယ့္ ကစားသမားတစ္ဦးကို ရွာေဖြေတြ႕ရွိထားတယ္ လို႔ သိရပါတယ္။

Photo Credit: Daily Mail.com

အဆိုပါကစားသမားကေတာ့ ဘရာဇီးလ္ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ေကာ္ရီတီဘာအသင္းရဲ့ ညာေနာက္ခံလူ ကူတိုပဲ ျဖစ္ပါတယ္။ အသက္၁၇ႏွစ္အရြယ္သာ ရွိေသးတဲ့ ကူတိုရဲ့ ေျခစြမ္းကို အာဆင္နယ္အသင္းနည္းၿပ အာတီတာက သေဘာက်လ်က္ရွိၿပီး ကူတိုကို ဘယ္လာရင္ရဲ့ေနရာအတြက္ ေရရွည္မွာ အစားထိုးနိုင္မယ့္ ကစားသမားအျဖစ္ ရွုျမင္ေနတယ္ လို႔ ဘရာဇီးလ္သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

Photo Credit: Daily Mail.com

ကူတိုဟာ အသက္၁၇ႏွစ္အရြယ္သာ ရွိေသးေပမယ့္ ေကာ္ရီတီဘာအသင္းနဲ႔အတူ ေျခစြမ္းေကာင္းတခ်ိဳ႕ကို ထုတ္ျပထားနိုင္သူျဖစ္ၿပီး လက္ရွိမွာေတာ့ ကူတိုကိုေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းနဲ႔အတူ ဂ်ာမဏီ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ေလဗာကူဆင္အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ကူတိုနဲ႔ပတ္သတ္ၿပီး အာဆင္နယ္အသင္း သေဘာက်ရတဲ့ အရာတစ္ခုကေတာ့ ကူတိုရဲ့ ေျပာင္းေရႊ႕ေၾကးျဖစ္ၿပီး ကူတိုကို ေပါင္၄.၂၅သန္းနဲ႔ ေခၚယူနိုင္မွာျဖစ္တယ္လို႔ သိထားရပါတယ္။

ခံစစ်ကစားသမားတွေ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရမှုကို ကြုံတွေ့ရလေ့ရှိတဲ့ အာဆင်နယ်အသင်းကတော့ လက်ရှိအချိန်မှာ အသင်းရဲ့ အဓိက ညာနောက်ခံလူ တစ်ဦးဖြစ်ပေမယ့် ဒဏ်ရာတွေများပြားနေတဲ့ ဘယ်လာရင်ရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေတွေ့ရှိထားတယ် လို့ သိရပါတယ်။

Photo Credit: Daily Mail.com

အဆိုပါကစားသမားကတော့ ဘရာဇီးလ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကော်ရီတီဘာအသင်းရဲ့ ညာနောက်ခံလူ ကူတိုပဲ ဖြစ်ပါတယ်။ အသက်၁၇နှစ်အရွယ်သာ ရှိသေးတဲ့ ကူတိုရဲ့ ခြေစွမ်းကို အာဆင်နယ်အသင်းနည်းပြ အာတီတာက သဘောကျလျက်ရှိပြီး ကူတိုကို ဘယ်လာရင်ရဲ့နေရာအတွက် ရေရှည်မှာ အစားထိုးနိုင်မယ့် ကစားသမားအဖြစ် ရှုမြင်နေတယ် လို့ ဘရာဇီးလ်သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Daily Mail.com

ကူတိုဟာ အသက်၁၇နှစ်အရွယ်သာ ရှိသေးပေမယ့် ကော်ရီတီဘာအသင်းနဲ့အတူ ခြေစွမ်းကောင်းတချို့ကို ထုတ်ပြထားနိုင်သူဖြစ်ပြီး လက်ရှိမှာတော့ ကူတိုကိုခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့အတူ ဂျာမဏီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကူတိုနဲ့ပတ်သတ်ပြီး အာဆင်နယ်အသင်း သဘောကျရတဲ့ အရာတစ်ခုကတော့ ကူတိုရဲ့ ပြောင်းရွှေ့ကြေးဖြစ်ပြီး ကူတိုကို ပေါင်၄.၂၅သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိထားရပါတယ်။