MySport Myanmar

ဘရာဇီးလ်က ပေါ်တူဂီအသင်းလောက် ပိုမကောင်းနိုင်ဘူးလို့ ဂျာအိုဖေးလစ် ပြောဆို

အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်က ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာချိန် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်းအကြောင်းနဲ့ ပတ်သတ်ပြီး သူရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောင်ဆင်နွဲကြမယ့် အသင်းတွေထဲ နေရာအလိုက် လူအင်အား တောင့်တင်းမှုရှိတဲ့ အသင်းအရေအတွက်က အနည်းအကျဉ်းသာ ရှိနေပြီး ဒီအသင်းထဲမှာ ဘရာဇီးလ်နဲ့ ပေါ်တူဂီတို့ ပါဝင်နေပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေတွေအရ ဘရာဇီးလ်မှာက in-form ဖြစ်နေတဲ့ ကစားသမားတွေ ဥပမာ နေမာ ဗင်နီစီယပ်စ် ဂျေဇူးတို့လို players တွေ များစွာရှိနေတာကြောင့် အဲ့ဒီကစားသမား အစုအဖွဲ့နဲ့ ကမ္ဘာ့ဖလားမှာ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ အများက ယူဆနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူင်္ဂီ ကစားသမား ဂျာအိုဖေးလစ်ကတော့ သူတို့အသင်းကသာ ဘရာဇီးလ်ထက် ပိုမို ကောင်းမွန်တယ်လို့ အတိအလင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Analyst

မကြာသေးခင်က ပြုလုပ်သွားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖေးလစ်က “ဘရာဇီးမှာက ကစားသမားကောင်းတွေရှိပေမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းထက် ပိုကောင်းတာတော့ မဟုတ်ပါဘူး”ဆိုပြီး ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်တစ်ခုခုမှာ သူရဲ့ အသက်လက်တီကိုအသင်းဖော် မာသီးယပ်စ်ကူညာ ပါဝင်နေတဲ့ ဘရာဇီးလ်အသင်းနဲ့ ဆုံတွေ့ချင်တယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။ ဖေးလစ်ရဲ့ ပေါ်တူဂီအသင်းမှာလည်း goat ကြီး ရော်နယ်လ်ဒို အပါအဝင် ရူဘင်ဒီယက်စ် ဘာနာဒိုဆေးလ်ဗား ဂျိုတာ ဘရူနိုဖာနန်ဒက်စ် ကန်ဆယ်လို လီယာအို ဗီတင်ညာ ဒါလော့ ရီနာတိုဆန်းချက်စ် နေးဗက်စ်တို့လို ထိပ်တန်းအဆင့်ရှ်ိ ကစားသမားတွေ ရှိနေသလို ဒီကစားသမားတွေဟာလည်း ဒီရာသီထဲ သူတို့ရဲ့သက်ဆိုင်ရာ ကလပ်အသင်းတွေဆီမှာအဓိက ကစားသမားတွေအဖြစ် ပါဝင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးပဲ စတုတ္ထနေရာထိသာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ရရှိထားခဲ့တဲ့ ပေါ်တူဂီက ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရုဂွေး ဂါနာ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ချန်ပီယံ (၅)ကြိမ်ဖြစ်ထားခဲ့တဲ့ ဘရာဇီးလ်ကတော့ ဆာဘီးယား ဆွစ်ဇာလန် ကင်မရွန်းအသင်းတို့နဲ့ တစ်အုပ်စုတည်းမှာ ကျရောက်နေပါတယ်။ ၂၀၂၂ခုနှစ် world cup မှာ ဘရာဇီးလ်က အုပ်စု(G) ပေါ်တူဂီက အုပ်စု (H) ဖြစ်နေတာကြောင့် ဒီနှစ်သင်းက round of 16 အဆင့်မှာပဲ စောစောစီးစီး ထိပ်တိုက် တွေ့ဆုံရနိုင်ခြေပါ ရှိနေပါတယ်။

Exit mobile version