ဒီနေ့မနက်အစောပိုင်း (၇)နာရီအချိန်မှာ ကျင်းပသွားခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ဘိုလစ်ဗီးယားလက်ရွေးစင်အသင်းတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ်(၁)မှာ အိမ်ရှင်ဘရာဇီးအသင်းက တိုက်စစ်စွမ်းရည်ကောင်းကို ပြသနိုင်ခဲ့ပြီး (၅)ဂိုးပြတ်နဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပြီး တစ်ဖက်ပွဲစဉ်မှာလည်း ကိုလံဘီယာအသင်းက ဗင်နီဇွဲလားအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘရာဇီးအသင်းဟာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဂိုးသမားအဖြစ် ဝဲလ်ဗားတွန်ကို အသုံးပြုလာခဲ့ပြီး ခံစစ်(၄)ယောက်တန်းမှာလည်း ဒန်နီလို သီယာဂိုဆေးဗား မာကွင်ဟိုစ့် လိုဒီ ကွင်းလယ်(၃)ယောက်တန်းမှာ ကော်တင်ဟို ကတ်စ်မဲရိုး ဒေါက်ဂလပ်လုဇ်နဲ့ တိုက်စစ်(၃)ယောက်တန်းမှာတော့ အဲဗာတန် ဖာမီနို နေမာတို့ကို အသုံးပြုလာခဲ့ပါတယ်။ တစ်ပွဲလုံးမှာ တိုက်စစ်မှူးနေမာက အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးမရခဲ့ပေမယ့် သွင်းဂိုး(၂)ဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဘရာဇီးအသင်းဟာ ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ပြိုင်ဘက်အသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု (၁၁)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ နောက်ခံလူမာကွင်ဟို့စ်နဲ့ တိုက်စစ်မှူးဖာမီနိုတို့က အသင်းအတွက် သွင်းဂိုးတွေရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးအသင်းဟာ ဒုတိယပိုင်းမှာလည်း တိုက်စစ်စွမ်းရည်ကောင်းကို ဆက်လက်ပြသနိုင်ခဲ့ကာ ဂိုးပေါက်တည့်မှု (၃)ကြိမ်ကနေလည်း (၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွင်း ဖာမီနို ကာရက်စ်ကို(og) ကော်တင်ဟိုတို့က အသင်းအတွက် သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဂိုးဖန်တီးမှု(၂)ကြိမ်ကို ပြုလုပ်နိုင်ခဲ့တဲ့ နေမာက သတ်မှတ်ခံလိုက်ရပါတယ်။ အခုလို ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘရာဇီးအသင်းဟာ လာမယ့်(၁၄)ရက်နေ့မှာတော့ ပီရူးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ တစ်ဖက်ပွဲစဉ်အတွင်းမှာလည်း ကိုလံဘီယာလက်ရွေးစင်အသင်းက ဗင်နီဇွဲလားလက်ရွေးစင်အသင်းက အတ္တလန်တာရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ဇာပါတာနဲ့ မူရီယယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး တာထွက်တွေလှပခဲ့ရပါတယ်။ ကိုလံဘီယာအသင်းကတော့ (၁၄)ရက်နေ့မှာပဲ ချီလီအသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။