ဘုန်းမောက်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဖီးလစ်ဘီလင်းက သူရဲ့ ဒိန်းမတ်အသင်းဖော် တိုက်စစ်ကစားသမား ရက်စမူစ်ဟိုက်လန်းကို လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းတွင် မြင်တွေ့လာရနိုင်တယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Bence Bocsák on Twitter: "🇩🇰 Denmark's answer to Erling Haaland is Rasmus  Højlund and he just scored a hat-trick for them on his first start - 3  games - 3 goals His

Photo Credit : Twitter

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ လူငယ် တိုက်စစ်မှူးလေး ဟိုက်လန်းဟာ ဒိန်းမတ်နဲ့ ဖင်လန်အသင်းတို့ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ဒိန်းမတ်အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒိန်းမတ် နာမည်ကြီးကလပ် ကိုပင်ဟေဂင်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဟိုက်လန်းဟာ လက်ရှိမှာတော့ စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး စီးရီးအေ (၂၃)ပွဲ ကစားထားချိန်မှာ (၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Rasmus Hojlund: Has the next Haaland just landed in Serie A? | Goal.com US

Photo Credit : Goal

ယူရို ခြေစစ်ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ အသင်းဖော် ဟိုက်လန်းနဲ့ ပတ်သတ်ပြီး ဘီလင်းက “ဒီညကတော့ သူရဲ့ညပါပဲ။ သူ့အနေနဲ့ ဒီပုံစံအတိုင်းသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ သူက ဒီထက်မက ပိုပြီး ကောင်းတဲ့နေရာတွေဆီ သွားနိုင်ပါလိမ့်မယ်။ သူ့မှာ ကြီးကြီးမားမား အရည်အချင်းမျိုးလည်း ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်လား။ သူရဲ့ကစားဟန်နဲ့ဆိုရင်တော့ ကျွန်တော် သူ့ကို လာမယ့်နွေမှာပဲ အဲ့ဒီအသင်းမှာ မြင်တွေ့ရနိုင်တယ်။ ဒီအသင်းက တိုက်စစ်မှူးတစ်ဦးလောက် လိုအပ်နေတာဆိုတော့ သူ့မှာ ရှိနေတဲ့ ကြီးမားသော အလားအလာဆိုရင် သူ့ကို ယူနိုက်တက်ရဲ့ ကစားသမားတစ်ဦးအဖြစ်နဲ့ပါ ခံစားမိစေလာတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Atalanta sensation Rasmus Hojlund shows why he is the 'new Haaland' |  FootballTransfers.com

Photo Credit : Football Transfer

ဟာလန်း လက်သစ် ကစားသမားလို့ တင်စားခံထားရသူ ဟိုက်လန်းဟာ သူကိုယ်တိုင် မန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးလို့ ဖွင့်ဟထားခဲ့ဖူးသူလည်း ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ရီးယဲလ်မက်ဒရစ်အသင်း အပါအဝင် ကလပ်အသင်းတချို့က စောင့်ကြည့်နေကြပြီး တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်လည်း ဟိုက်လန်းကို ပစ်မှတ်ထားလာမလားဆိုတာ စောင့်ကြည့်ရပါမယ်။