MySport Myanmar

ACL Injury ကြောင့် (၉)လခန့်လောက်အထိ အနားယူသွားရတော့မယ့် ဘော့တ်မန်း

နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ခံစစ်မှူး ဆဗန် ဘော့တ်မန်းကတော့ ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကြီးတစ်ခုဖြစ်သော ACL Injury ဒူးအရွတ် စုတ်ပြဲခြင်း ဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် (၉)လခန့်လောက်အထိ အနားယူသွားရဖွယ် ရှိနေပါတယ်။

အသက် (၂၄)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်ကစားသမား ဘော့တ်မန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ ဒူးဒဏ်ရာ ခံစားခဲ့ရပြီး ဒီဇင်ဘာလလယ်လောက်အထိ (၂)လခန့် အနားယူခဲ့ရပါတယ်။

Photo Credit : Goal

အခုလည်း မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာပဲ ဒူးဒဏ်ရာ ထပ်မံ ခံစားခဲ့ရရင်း ဒီတစ်ကြိမ် ဘော့တ်မန်းရဲ့ ဒူးဒဏ်ရာက ဘောလုံးသမားသမားတိုင်းအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်တဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ဖြစ်နေတာကြောင့် ဘော့တ်မန်းအနေနဲ့ အနည်းဆုံး (၆)လခန့်လောက်အထိ အနားယူသွားရတော့မှာပဲ ဖြစ်ပါတယ်။

ဘော့တ်မန်းအနေနဲ့ ဒီရာသီမှာ ပထမဆုံး ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသခြင်း မပြုလုပ်ခဲ့ပဲ (၂)လခန့်သာ အနားပေးခဲ့ရင်းနဲ့ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပေမယ့်လည်း အခုတော့ ဘော့တ်မန်းက လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကိုပါ လွဲချော်ရနိုင်မယ့် အခြေအနေမှာလည်း ရှိနေပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ဒီရာသီမှာ ဥရောပဝင်ခွင့် တစ်နေရာစာအတွက် လက်ကျန်ပွဲတွေမှာ ဆက်တိုက် ရလဒ်ကောင်းမွန်ဖို့ လိုအပ်နေတဲ့ နယူးကာဆယ်အသင်းအတွက် ဘော့တ်မန်းရဲ့ ဒဏ်ရာ အခြေအနေက ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။

ဘော့တ်မန်းအတွက်ကလည်း ယူရို-၂၀၂၄ပြိုင်ပွဲကြီးကိုပါ လွဲချော်သွားရနိုင်တဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရတာက သူ့အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်နိုင်ပြီး လာမယ့် ဘောလုံးရာသီမှသာ ဘောလုံး ပြန်ကစားနိုင်ဖွယ်ပါ ရှိနေရပါတယ်။

Exit mobile version